Sunday 27 May 2012

ကလေးကဗျာများ (၂၄) အိမ်ကကြောင်




အိမ်နောက်ဆီကတစ်ညောင်ညောင်
ငါတို့အိမ်ကကြောင်
အိမ်ခေါင်မိုးပေါ်သူတက်ပြေး
ငှက်တွေဖမ်းမယ်တွေး။

ဆက်ရက်၊ ကျီးနဲ့ ခိုဖြူပြာ
စာလေးညိုဝါဝါ
ပျံကာဝဲကာ ဟို သည် ကြည့်
ဖိုးကြောင် ရှိ မရှိ။

မျက်နှာကျက်ကြား တစ်နေရာ
ကြွက်တို့ ဘုံကမ္ဘာ
တိုးတိတ်ညင်သာ လျောက်ပါဟဲ့
ကြောင်ကြီးကြားမယ်ကွယ့်။

ဗြုံးဗြုံးဒိုင်းဒိုင်း ထိုအသံ
အိမ်ခေါင်ထက်မှာညံ
ရှဥ့်ပျံ ချွေတဲ့ အုန်းသီးကင်း
ဖိုးကြောင်ပြေးလို့ဆင်း။

ထိတ်လန့်ခြင်းနဲ့ ညောင်ညောင်အော်
မလေး ကြားပြန်သော်
ကြောင်လေးခေါ်ကာ ငါးကြော်ကျွေး
ဖိုးကြောင်ကြိုက်တယ်လေး။


ပျိုးယုဝသုန်
7:59:54 PM
27-05-2012
Monday (BNE)

4 comments:

စံပယ်ချို said...

ဂျက်က ငါးကြော်လဲကြိုက်တယ် ကြောင်ကိုလဲချစ်တယ်
ကဗျာတွေလဲခံစားရတယ်

ဖြိုးဇာနည် said...

ငါးကြော်ကြိုက်ဝူး
ငါးကင်ပဲကြိုက်ဒယ့်
ကြောင်ဆိုရင် အိမ်ကိုလာပြီး
အီးမပါတဲ့ကြောင်ဆိုရင် ချစ်တယ် :P

မိုးသူ(တောင်ကြီး) said...

ကလေးချော့ကဗျာလေး

မိန်းမယူရင် မိန်းမ ကိုအဲဒီကဗျာလေးသင်ပေးရမယ်

Cameron said...

ကဗျာလေးကချစ်စရာလေး ကာတွန်းကားထဲက ကြောင်နဲ့ကြွက်ကိုသွားမြင်မိတယ်...း)