Monday 26 March 2012

ရှင်ပြုပွဲ




ဓါတ်စက်ဖွင့်သံ
တညံညံ
နဘေးအိမ်ကခြံ..။

တွံတေးသိန်းတန်
ဖွင့်ပါလို့
စိုးအောင်လည်း ပါဗျို့..။

ကွမ်းတောင်းကိုင်တဲ့
ယမင်းခင်
အလှဆုံးကျော့ယဉ်ယဉ်..။

ရွာနီးကပင်
လာကာငေး
ရွာ၏ဂုဏ်ဆောင်လေး..။

ဗျောစည်စမ်းတဲ့
ရွာသားဟန်
ခန်းငြားတည်ကြည်ပြန်..။

ကာလသားတွေ
အကြံပေး
ရှင်လောင်းဝှက်မယ်တွေး ..။

အလှူ့အမ
သိသောခါ
ရှင်လောင်းရွေးပါဗျာ ..။

ဆင်မြင်းစုံညီ
စီရီနွှဲ
ရှင်ပြုကုသိုလ်ပွဲ..။



ပျိုးယုဝသုန်
10:43:42 PM
26-03-2012
Monday (BNE)

6 comments:

စံပယ်ချို said...

ပျိုးရေ
ရေးတတ်လိုက်တာ ရှင်ပြုပွဲကို မျက်စိထဲ
ကွင်းကွင်းကွက်ကွက်ကိုမြင်သွားရတယ်
ကွမ်းတောင်ကိုင်က ပျိုးများလား

ညီရဲ said...

ငယ်ငယ်က ရှင်ပြုပွဲလေးကိုတောင် ပြန်သတိရသွားမိတယ်... တို့ အစ်မတို့ များ ရေးတတ်ပါ့...

ဖြိုးဇာနည် said...

ဒိုးပတ်ဝိုင်ထဲဝင်ကရင် ပိုကိပိုက်
ဆုချခံ၇တယ်ဂျ့အဟားးးး
အလှူပွဲထဲပြန်ရောက်သွားသလိုပဲ

မိုးသူ(တောင်ကြီး) said...

အရမ်းမိုက်တယ်
မြန်မာ့ရိုးရာ ရှင်ပြုပွဲအကြောင်းလေး ရေးထားတာ
လေးစားမိပါတယ် မမ၀သုန်ရေ

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

ကြယ်ပြာ said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလား ... ကာရံလေးတွေကလဲ ထိထိ ညိညိနဲ့ ... ကလေးတွေ ဖတ်စာအုပ်ထဲတောင် ထည့်ဖို့ကောင်းတယ် ... အဲ့လိုအလှုပွဲမျိုးက မြို့တွေမှာဆို သိပ်မလုပ်နိုင်ကြဘူးလေ .... ဖတ်စာအုပ်ထဲထည့်လိုက်ရင် ဒါ ငါတို့ ရိုးရာအလှုပွဲဆိုပြီး ကလေးတွေ သိသွားမှာ....

San San Htun said...

မြန်မာ့ရိုးရာ ရှင်ပြုပွဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ် မမဝသုန်ရေ