Wednesday 28 March 2012

မမ နှင့် မီးရထား




တစ်ရက်မှာပေါ့။

Regular Service အတွက် Toyota Service Centre  ကို မနက်ပိုင်းကားသွားပို့တယ်။

ပုံမှန်အားဖြင့် Customer တွေကို Service Centre  ကအိမ်ပြန်လိုက်ပို့ပေးလေ့ရှိပါတယ်။

ဒါပေမယ့် ဒီတခါကျတော့ အိမ်နဲ့ Service Centre က ကီလို ၂၀ လောက်ဝေးနေတာရယ် ကားပိတ်တဲ့အချိန်ရယ်နဲ့ ကိုအကြောင်းပြပြီး နီးရာဘူတာရုံကိုပဲပို့ပေးနိုင်ပါမယ်တဲ့..။ အရင်ကတော့ သူငယ်ချင်းတစ်ယောက်ယောက်ကို ကြိုတင်ပြောထားတာမို့ သူတို့ လိုက်ခေါ်ပေးနိုင်ပေမယ့် ခုတော့ လာမခေါ်နိုင်ကြပါဘူး..။

ဒါနဲ့..အိုကေပေါ့လေ။ ပို့ပေးတဲ့ဘူတာရုံမှာဆင်းနေလိုက်တာပေါ့၊ လက်မှတ်ဝယ်ပြီး အေးအေးဆေးဆေးပဲ ဘေးဘီကိုကြည့်ရင်းစီးတာလာခဲ့တယ်။ ဒီလိုနဲ့ ကိုယ်မရင်းနှီးတဲ့ ဘူတာတွေရဲ့နာမည်ကိုတွေ့တော့ တော်တော်သံသယဝင်လာခဲ့တယ်..။ နောက်တစ်ဘူတာမှာရပ်တော့ နာမည်ကြည့်လိုက်တော့ ကိုယ့်အိမ်ဘက်သွားရာနဲ့ ဆန့်ကျင်ဘက်ကိုရောက်နေတာပါ့လား။ ကမန်းကတမ်းပြေးဆင်းရတာပေါ့.. ခွိစ်.. အိမ်နဲ့ ၃၇ကီလိုလောက်ကို ဝေးလာတာ..

ရထားကလည်းတခါမှမစီးဖူးတော့ ဘယ်ဘောင်းကို စီးရမယ်မှန်းကလည်းမသိ၊ ဒီတော့ လက်မှတ်ရောင်းတဲ့နေရာကို ထပ်သွားပြီး ကိုယ်ပြန်ချင်တဲ့နေရာနဲ့ အနီးဆုံး ဘူတာကို မေးလိုက်တယ်။ သူတို့ကလည်းပြောပြပါတယ်..၊ ဘယ်ဘောင်းက ဘယ်ရထားကိုစီးပေါ့လေ။

ဒီလိုနဲ့ ခပ်တည်တည်ပဲ စီးခဲ့တယ်။ ရပ်မယ့်ဘူတာနာမည်တိုင်းကို Display လုပ်နေတာမို့ ကိုယ်ဆင်းမယ့်ဘူတာရောက်တော့ဆင်းလိုက်တယ်။ ဘူတာတွေကလည်းမရင်းနှီးတာနဲ့ အပြင်ရောက်အောင်ကို မေးစမ်းပြီးထွက်ခဲ့ရတယ်။ ဘူတာရှေ့ရောက်လို့ တက်ကဆီတွေ ရပ်တဲ့နေရာကိုကြည့်တော့ တစ်စီးမှ မရှိ..  အဲ့တာမှ  ဂွ .. တက်ကဆီ ခေါ်ဖို့ ဖုန်းနံပါတ်ကလည်း မသိ။ ကဲ မထူးပါဘူးဆိုပြီး ဖုန်းထဲ ထည့်ထားတဲ့ TomTom ကိုဖွင့်၊ ကိုယ့်အိမ်လိပ်စာရိုက်ထည့်ပြီး ညွှန်တဲ့အတိုင်း လူသွားလမ်းက နေပြန်လာခဲ့တယ်..

အောင်မြတ်လေး..၊ ဘူတာကနေ အိမ်ရောက်ဖို့ နေပူထဲမှာ ၁နာရီကျော် လမ်းလျောက်ခဲ့ရပါတယ်..။ သိတော်မူကြတဲ့ အတိုင် သြဇီရဲ့ နေ ဟာ ပူပူစူးစူးစပ်စပ် ကြီးရယ်။

ညနေတော့ လည်ပင်းညှစ်လို့ရနိုင်မယ့် မိတ်ဆွေတွေကို နှိပ်စက်ပြီး ကားပြန်ယူဖို့ Service Centre ကိုလိုက်ပို့ ခိုင်းခဲ့ရပါတယ်..။

ဒီလိုနဲ့ .တစ်နေ့လည်လုံး ရထားပေါ်နဲ့ လမ်းပေါ်မှာသာ အချိန်တွေ ကုန်ခဲ့ရပါကြောင်း…


မမဝသုန်
ခေတ္တ(BNE)

6 comments:

စံပယ်ချို said...

ပျိုးရေ
နောက်တခါရထားစီးမယ်ဆိုရင်ထမင်းဘူးလေးပါတခါထဲ
ထဲ့သွားနော်
ဟိဟိ ချစ်လို့စတာနော်

ဖြိုးဇာနည် said...

မမပျိုးရေ့ လေ့ကျင့်ခန်းဗျို့ ဟဟ
တော်သေးတယ် tom tom တန်းခိုးနဲ့
အိမ်ပြန်ရောက်လို့ နို့မို့ရင် လွယ်ဝူး

မိုးသူ(တောင်ကြီး) said...

ပျော်စရာကြီးဖြစ်နေမှာပဲနော်
တခါတလေ အဲလို လေး လမ်းမှားချင်လိုက်တာ ဟီးဟီး ကျွန်တော်တို့ မြို့ မှာ မီးရထားမရှိဘူးဗျ :P

mstint said...

အတွေ့အကြုံဆိုတာ ဝယ်ယူလို့မရဘူး ဝသုန်ရေ။
နောက်တစ်ခေါက်အတွက် လွယ်ကူသွားမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ကျွန်တော်လဲ မလေးရှားမှတုန်းက ရထားမှားစီးဖူးတယ် အစ်မ... ရထားထွက်ခါနီးပြီ ဆိုပြီး ပြေးတက်လိုက်သွားလိုက်တာ ပြီးမှ ရထားက ဆန့် ကျင်ဘက်ကို သွားတဲ့ ရထားဖြစ်နေတယ်လေ... အဲဒီလို လွဲတာ...

San San Htun said...

တော်သေးတာပေါ့ မမဝသုန်ရေ..အိမ်ပြန်ရောက်ပေလို့ 