Sunday 25 March 2012

ချစ်သူ..သို့



အတူဆုံလျက်
ကြုံမယ့်ရက်ကို
တွက်ချက်စိတ်ထဲ
နောက်ထပ်လွဲမှာ
စိုးထိတ်ကြောက်လှပါသည်ရှင် ..။

ကြမ္မာအရေး
ဘယ်မတွေးချင်
စိတ်လေးပင်လို့
မျက်ဝန်းညို့မှိုင်း
မျက်ရည်ဝိုင်းတာ
မောင်ကြီးကြည့်ရက်မှာလားရှင်..။

ကမ်းလက်ကိုဆွဲ
တူယှဉ်တွဲရပ်
ထပ်ကြပ်ဖဝါး
နောက်တော်ပါးမှာ
လိုက်ပါလေလျင်
အပြစ်မြင်လို့
ချန်ဖို့စဉ်းစားမှာလားရှင်..။


ပျိုးယုဝသုန်
11:55:34PM
25-03-2012
Sunday (BNE)



7 comments:

ကြယ်ပြာ said...

ခုတလော ဘလော့တွေမှာ ချစ်သူအကြောင်းတွေချည်းပဲတွေ့ရတယ် .... ချစ်တတ်သူတွေ ချစ်နိုင်ကြပါစေ ... လေးလုံးစပ်လေးက ချစ်စရာ ..

စံပယ်ချို said...

ချန်ဖို့စဉ်းစားမှာလားရှင်.----
ဟင့်အင်း---လုံးဝမချန်ထားဘူး
ယုံပါကွယ်

မိုးသူ(တောင်ကြီး) said...

ကဗျာလေးကို နှစ်သက်တယ်ဗျ

မိုးသူ(တောင်ကြီး) said...

ကဗျာလေးကို နှစ်သက်တယ်ဗျ

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ်

Anonymous said...

တို့ လဲ တခါက ဒီလိုပဲ ဖြစ်ခဲ့ဘူးပါတယ်

BDL

San San Htun said...

လေးလုံးစပ်ကဗျာလေးက ချစ်စရာကောင်းလိုက်တာ