Tuesday 20 March 2012

အိပ်ဆေး


ဒံပေါက်ထမင်း 

ဝက်သားဟင်းနှစ် 

မျှစ်ချဉ်ရောနှောက် 

ငါးသလောက်ကို 

ရေသောက်ဆီပြန် 

စားမည်ကြံလျက် 

ကြက်ဟင်းခါးသီး

ကြော်ကာမြည်းသော် 

စက်တော်ခေါ်၍ မပျော်လော..





မမဝသုန်
ခေတ္တ ( BNE)


8 comments:

ရင်ဆူး said...

ပျော်တယ်ဟေ့......ပျော်တယ်ဟေး.....ဟီးးးးးးးးးးးးးး

စံပယ်ချို said...

စားရဲဘူး
မီးမီးကြောက်ကြောက်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ခလော.. ခလော..

(ဂလု!)

ကြယ်ပြာ said...

အိခ် .... အဲ့လိုသာစားရင် အိပ်ပျော်တာထက် တသက်လုံးမနိုးတော့ရင် ဒုက္ခ ... တက်စာတွေ ဖတ်ရင်းနဲ့ ခေါင်းတောင် ရိပ်တိပ် ရိတ်တိပ် .....

ဖြိုးဇာနည် said...

အိပ်ဆေးလို့ပြောရင် မြန်မာနိုင်ငံမှာ

သိပ်မရောင်းချင်ကြဝူး ဒီအိပ်ဆေးကိုတော့

ဝယ်ချင်တိုင်းသာဝယ်ကြပေတော့ဗျို့

ဆင်တဲကဖေး said...

လုပ်ပြီ... ဗိုက်ဆာနေပါတယ် ဆို....

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရယ် ဖြည်းဖြည်းသက်သာလုပ်ပါ
အဲဒီအစားတွေတပြိုင်တည်းစားလို့ ကတော့
သွေးတက်ပြီး အစောကြီး ဂိနေပါ့မယ်ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

San San Htun said...

နင်လားဟဲ့ အိပ်မပျော်ခြင်း..မမဝသုန်ရဲ့  အိပ်ဆေးနဲ့ တွေ့ လို့  တင်းခံနိုင်သေးလား..လာလေရော့ဟယ်