Sunday 18 March 2012

စိုးစိတ်-၂

အလွမ်းရင့်ရင့်
ပန်းရင့်ရင့်နှင့်
နွမ်းနင့်နေဆဲ
ဖော်စုံခွဲမှာ
ရင်ထဲစိုးနှောင့်ပူရသည်

ပျိုးယုဝသုန်
ခေတ္တ (BNE)

7 comments:

စံပယ်ချို said...

ဖော်စုံခွဲမှာ
ရင်ထဲစိုးနှောင့်ပူရသည်)))

ပျိုးလေးကစိတ်ပူနေပြီပေါ့
ချစ်တဲ့ jasmine

မိုးသူ(တောင်ကြီး) said...

မပူနေ ပါနဲ့ မမ၀သုန်ရယ်
လောကကြီးက အချိန်တန်တော့လဲ
သူ့ နေရာနဲ့ သူနေသားတကျဖြစ်သွားပါလိမ့်မယ်

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်လဲ စိတ်ပူရင်း လွမ်းနေတယ်ထင်ပ

ကြယ်ပြာ said...

စိတ်ပူတတ်တာ မကောင်းဘူးရယ်။ ဒါပေမယ့်လည်း သူ့ဘာသာသူ စိတ်ပူတာတော့ မတတ်နိုင်ဘူးနော်။ ကြယ်ပြာလဲ စိတ်အရမ်းပူတတ်တယ်။ ကြောင့်ကြကင်းပြီး ပျော်ရွှင်ပါစေ ပျိုးရေ ...

Cameron said...

အလွမ်းကဗျာပေမယ့် ချစ်စရာလေးပါ..။ တို့က အလွမ်းကိုချစ်သူမို့ မမ၀သုန်ကဗျာလေးကိုလဲ ချစ်တယ်...။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လှပတဲ့ လေးလုံးစပ် ကဗျာလေး ..

San San Htun said...

မပူပါနဲ့ ကွယ်..နေသားကျသွားမှာပါ