Sunday 11 March 2012

အိပ်မက်




ချစ်သူ့ရင်ခွင်

ခေါင်းတိုးဝင်ရင်း

ကြည်စင်ချိုမြ

ပြုံးအလှနဲ့

ချွဲနွဲ့ခွန်းချို

မျက်ဝန်းညိုမှာ

ဘာတွေပြောမလဲ

လှိုက်လှဲရှာကြည့်

အဖြေညှိစဉ်

အိပ်စက်ခြင်းမှ..နိုးခဲ့တယ်…



ပျိုးယုဝသုန်
04:57:17PM
11-03-2012
Sunday

9 comments:

ဖြိုးဇာနည် said...

ချစ်သူနဲ့ ပျော်ရွှင်နေရတဲ့ဘဝဟာ

အိမ်မက်ပေမဲ့လဲချိုမြိန်ပါတယ်။

စံပယ်ချို said...

အဖြေညှိစဉ် ပဲနိုးတာလား
ပျိုးရေ ပြန်အိပ်လိုက်နော် အဲဒီလိုအိပ်မက်ချိုချို
ဆက်မက်နေမှာအသေအချာပဲ
ချစ်တဲ့ jasmine

Lps said...

အိပ်မက်လေးဆက်အိပ်ရင်ပြန်မက်လိုက်နော် မမ၀သုန်ရေ

ကြယ်ပြာ said...

ပြန်အိပ်ပြီး ဆက်မက်ကွယ် ...

သိင်္ဂါကျော် said...

ချစ်သူကရော အိပ်မက်ထဲမှာ တွေ့တဲ့ ချစ်သူလား
အပြင်က ချစ်သူလား.. :P

San San Htun said...

ပြန်အိပ်ပြီး ပြန်မေးလိုက်နော်

Anonymous said...

နှမျောစရာကောင်းလိုက်တာနော်။

လွင်ပြင်လှိုင်းငယ် said...

အော် အိပ်မက် အိပ်မက်
နာ့အိပ်မက်လေးကိုတောင် သတိယသွားပြီ

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရေ အိမ်မက်ကောင်းလေး မက်နေတုန်း နိုးသွားရတာ စိတ်မကောင်းပါဘူး

ခင်တဲ့ မိုးသူ(တောင်ကြီး)