Saturday 11 February 2012

ချစ်ခြင်း၏ တစ်ဖက်




တစ်သက်မခွဲ
အမြဲပင်မြင်
ချစ်ခင်ချင်လည်း
တလွဲမာန
မာန်ဒေါသနှင့်
မောဟဝန်တို
စိတ်မှာခိုလျင်
ချစ်ခြင်းဟိုအဝေး
ပြေးမည်သာ …



ပျိုးယုဝသုန်
12:22:16PM
11-02-2012
Saturday (BNE)

7 comments:

Cameron said...

ချစ်ခြင်းမှာ အဲလိုမာမာနတွေထားတော့ ဝေးရပြီပေါ့..။

လွင်ပြင်လှိုင်းငယ် said...

ချစ်ခြင်းမှာ မာနတွေမထားသင့်ပါဘူး
ကဗျာလေးက ကောင်းလိုက်တာ

ဘိုဖြူ said...

ချစ်တယ်ဆိုတဲ့နောက်တော့
မာနတွေခွါချခဲ့ပါတော့

စံပယ်ချို said...

ချစ်သူနှစ်ဦးမှာ မာနတွေရှိနေရင်
အဆင်မပြေဘူးနော်
အပျိုကြီးတွေသတိ----
မာနမထားမိစေနဲ့
ချစ်တဲ့ jasmine

မိုးသူ(တောင်ကြီး) said...

ကဗျာလေး က နူးညံ့တယ်
မာန မထားသင့်တာလေး
ကွက်ကွက်ကွင်းကွင်းကို
မြင်အောင်ရေးနိုင်တယ်နော်
blogger မိတ်ဆွေဖြစ်ချင်ပါတယ်
မမ၀သုန် ဆိုဒ်ကို မိုးသူ blog မှာ
link ချိတ်ဖို့ ခွင့်တောင်းပါတယ်
ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်ဗျ

ညီရဲ said...

မာန်မာန ကင်းကင်းနဲ့ ဖြူဖြူစင်စင် ချစ်နိုင်ရင် အကောင်းဆုံးပါဘဲလေ...

Angelhlaing(May everybody be happy and healthy! said...

နူးညံ့မှုတွေနဲ့ ချစ်ခြင်း ကဗျာလေး ခံစားအားပေး လျှက်ပါ..မမရေ..