Friday 24 February 2012

မမဝသုန် ၊ ဝိုင် နှင့် သြဇီရဲ



လွန်ခဲ့တဲ့သုံးနှစ်ခွဲနီးပါးလောက်ကပေါ့…မမဝသုန်အခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုမလုပ်ခင်SubContractယူပြီလုပ်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့တယ်…မနက်၆နာရီလောက်ဆိုလမ်းပေါ်ရောက်နေပြီးညနေ၆နာရီ၇နာရီလောက်မှပဲအိမ်ပြန်ဖြစ်တယ်…အလုပ်ကလည်းစခါစဆိုတော့အလုပ်သမားတွေဘာတွေလည်းမထားနိုင်ဘူးပေါ့…ကိုယ့်အားကိုယ်ကိုးရင်းကားပေါ်မှာပဲစားသောက်ရတဲ့ကာလတွေပေါ့…


မမဝသုန်အလုပ်သွားလုပ်တဲ့နေရာကHope Island လို့ခေါ်တဲ့အင်မတန်မှလှပတဲ့နေရာ တစ်ခုပါ..ကိုယ်ပိုင်တူးမြောင်းတွေနဲ့ကိုယ်ပိုင်အပျော်စီးမော်တော်တွေနဲ့တကယ့်ကိုလှပလှပါတယ်…GoldCoastလို့ခေါ်တဲ့နာမည်ကြီးကမ်းခြေမြို့နဲ့လည်းနီးကပ်ပါတယ်…တစ်နေပတစ်နေ့ကိုကားမောင်းရတာတင်၃၀၀ကီလိုမီတာကျော်ပါတယ်…တဘက်ကအလုပ်လုပ်ရင်းတစ်ဘက်ကလည်းဈေးကွက်ရှာဖွေရင်းSubContractတစ်နှစ်တာကာလကိုကျော်ဖြတ်ခဲ့တယ်..



လွန်ခဲ့တဲ့၃နှစ်ကျော်လောက်ကGateWay MotorWayဟာအခုလိုခေတ်မီလမ်းမကြီးမဖြစ် သေးပါဘူး..TollGateတွေမှာတန်းစီပြီးလက်မှတ်ဖြတ်ရတုန်းရှိပါသေးတယ်..တစ်နေ့မှာပေါ့.…HopeIslandကအပြန်အင်မတန်ကြပ်လှတဲ့GateWayလမ်းမကြီးပေါ်မှာတန်းစီရင်းတဖြည်းဖြည်းချင်းတိုးဝင်ပြီးအိမ်ပြန်လမ်းကိုဦးတည်လာတာပေါ့...ရာသီဥတုကလည်းပူတော့ရေကလည်းဆာတာပေါ့…ဒါနဲ့ပဲပါလာတဲ့ရေပုလင်းလေးကိုမော့သောက်ပြီးကားကိုတဖြည်းဖြည်းချင်းမောင်းလာတယ်…


သိတော်မူကြတဲ့အတိုင်းသြစတြေးလျားရဲ့ရဲသားတွေဟာအဝေးပြေးလမ်းမတွေရဲ့နေရာတိုင်းမှာရှိကြတယ်…ယာဉ်မတော်တဆထိခိုက်မှုတွေကိုကာကွယ်ရအောင်ပေါ့လေ…ဒီလိုနဲ့ TollGate ကိုအတော်လေးကျော်လာပြီးတဲ့နောက်မှာလမ်းကလည်းအတန်ရှင်းလာပြီ…ဒါနဲ့ ပဲကားကို၈၀ကီလိုကနေ၁၀၀ကီလိုကိုတင်ပြီးမောင်းခဲ့တယ်…မကြာပါဘူး…အနောက်ကရဲကားတယ်စီးအချက်ပြမီးနီမီးပြာတွေထွန်းပြီးကားကိုရပ်ခိုင်းတယ်….ဟာငါတော့Overspeedဖြစ်ပြီနဲ့တူတယ်ဆိုပြီးစိတ်လက်မချမ်းသာစွာနဲ့ပဲကားကိုအရှိန်လျော့ပြီးရပ်လို့ရတဲ့တစ်နေရာမှာရပ်ပေးလိုက်တယ်…ပြီးတော့လက်ကိုလက်ကိုင်ဂွေပေါ်စုံတင်ပြီးရဲတွေကိုယ့်ဆီအလာကိုစောင့်နေလိုက်တယ်…


မကြာခင်မှာပဲကျေးဇူးရှင်မင်းသားနှစ်ပါးရောက်လာပါတော့တယ်…ပြီးတော့

“ကိုယ့်အမှားကိုကိုယ်သိလား” .. တဲ့

“မသိဘူး..ငါဘာလုပ်လို့လဲ”လို့ပြန်မေးလိုက်တယ်..ဟုတ်တယ်လေ…

တကယ်ကအရှိန်ကိုလည်းပိုမောင်းတာမှမရှိတာ…

“မင်းကားမောင်းရင်မူးယစ်စေတဲ့အရာတွေကိုမသုံးဆောင်ရဘူးဆိုတာမသိဘူးလား” 

လို့နောက်တစ်ယောက်ကထပ်မေးတယ်…ဘုရားဘုရား…
မမဝသုန်ပုံဟာမူးယစ်ဆေးဝါးသုံးစွဲနေတဲ့ရုပ်များပေါက်နေပြီလားလို့ကိုယ့်ကိုယ်ကိုယ်တောင်သနားသွားမိတယ်..

“ငါမူးယစ်ဆေးဝါးမသုံးပါဘူး”လို့ပြောတော့သူတို့မှာပါလာတဲ့၆လက်မလောက်ရှိတဲ့စက္ကူပိုက်လေးကိုပေးပြီးမှုတ်ခိုင်းတယ်..မောကလည်းမောဆိုတော့သူတို့ပြောသလောက်မမှုတ်နိုင်ဘူး..ဒီတော့နောက်တစ်ခုထပ်ထုတ်ပေးတယ်…အဲဒီတခုလည်းသူတို့ပြောသလိုမမှုတ်နိုင်ခဲ့ဘူး…မောနေတာကိုး…ဒီမှာရဲတစ်ယောက်ကဒီတခါမှမမှုတ်နိုင်ရင်မင်းကိုဒဏ်ရိုက်ရမယ်တဲ့..မမဝသုန်လည်းစိတ်ပျက်သွားတာပေါ့..ဒီတခါတော့လေကိုဝအောင်ရှူသွင်းပြီးမှုတ်လိုက်တော့အဆင်ပြေသွားတယ်…ပြီးမှသိတာကအဲဒီအတံကလေးတွေက Breath Test ဆိုပဲ..


ပြီးတော့ရဲတစ်ယောက်က

“မင်းဘာဖြစ်လို့ကားမောင်းနေရင်းဝိုင်သောက်ရတာလဲ” တဲ့..မမ၀သုန်ကလည်း

“ငါမသောက်ပါဘူး..နင်တို့လူမှားတာနေမှာပါ”လို့ပြန်ပြောတာပေါ့..ဒါကိုကျေးဇူးရှင်နှစ်ယောက်ကမမဝသုန်ကားမောင်းရင်ဝိုင်သောက်နေတာကိုသူတို့သေချာမြင်တယ်ဆိုပဲ…

မမဝသုန်လည်းအယ်လ်ကိုဟောပါတာကိုမသောက်တာဆယ်စုနှစ်တစ်စုမကနှစ်စုနီးပါးဖြစ်နေတာမို့တော်တော်လည်းအံ့သြတာပေါ့…ငြင်းရင်ခုန်းရင်းနဲ့မမဝသုန်ရဲ့ဘေးကခုံပေါ်ကိုလက်ညှိုးထိုးပြတယ်..

“ဟိုမှာလေ..မင်းသောက်နေတဲ့ဝိုင်..”တဲ့ 

“မင်းသောက်နေတာကိုငါတို့တဖက်ကာလမ်းကမြင်လို့ပြန်ကွေ့ပြီးမင်းကားနောက်ကိုလိုက်လာတာ..မင်းဘာငြင်းချင်သေးလဲ” တဲ့လေ…ပြီးတော့စကားဆက်မယ်အလုပ်မမဝသုန်က

“ခဏ..ခဏ…အဲဒါဆိုရှင်တို့မှားနေပြီ…အဲဒါဝိုင်မဟုတ်ပါဘူး…ရေတွေပါ” လို့စကားကိုဖြတ်ပြောလိုက်တယ်…



ဒါကိုကျေးဇူးရှင်တွေကမယုံပဲပုလင်းကိုတောင်းကြည့်တော့မမဝသုန်လည်းပေးလိုက်တာပေါ့…သူတို့စစ်ဆေးပြီးမှအဲသည်အရည်တွေဟာဝိုင်မဟုတ်ပဲရေတွေဖြစ်နေကြောင်းသိသွားပါတော့တယ်… ရဲတစ်ယောက်ကစိတ်ရှုပ်တဲ့မျက်နှာနဲ့

“မင်းကဘာဖြစ်လို့ရေကိုဝိုင်ပုလင်းထဲထည့်ထားတာလဲ”တဲ့

မမဝသုန်ကလည်းပလပ်စတစ်ပုလင်းထဲထည့်ရင်ရေတွေကအနံ့နံတာကြောင့်ပုလင်းထဲထည့်ထားကြောင်းရှင်းပြရတာပေါ့…အဲဒါနဲ့ပဲ

“နောက်ကိုမထည့်ပါနဲ့..မင်းအခုလိုလုပ်တာကြောင့်ငါတို့အချိန်တော်တော်ကုန်သွားပြီ”ဆိုပြီးမမဝသုန်ကိုသွားခွင့်ပေးပါတယ်…မမဝသုန်လည်းအရစ်ရှည်တတ်တဲ့ညဉ်ကမပျောက်စွာ

“ရှင်တို့ကြောင့်ကျွန်မလည်းအိမ်ပြန်နောက်ကျရတော့မယ်”လို့ပြောခဲ့ပြီးကားကိုမောင်ထွက်ခဲ့တယ်…



အဲသည်နေ့ကအိမ်ကိုည၈နာရီနီးပါးမှပြန်ရောက်တယ်ရှင်…

ကဲ…မိတ်ဆွေ..စဉ်းစားကြည့်ပါဦး…ဝိုင်ပုလင်းထဲရေထည့်သောက်တာအပြစ်လားလို့..ဒါမှမဟုတ်လည်းသြဇီကရဲတွေကပဲဝိရိယကောင်းနေတော့တာလား……




မမဝသုန်
1:24:42AM
25-02-2012
Saturday (BNE)

7 comments:

ချစ်သူမောင် said...

အင်းဖြစ်ရတယ်
ဧကန္တ၀ိုင်ပုလင်းကိုတံဆိပ်မခွာပဲရေထည့်မိတာနေမှာ
ရန်ကုန်နဲ့တော့ကွာတယ် လမ်းမလျှောက်နိုင်တဲ့သူကကားမောင်းတယ်ကြုံဖူးလို့ယုံဖူးရပြီ သတိထားနော်နောက်ဆိုရေသန့်ဘူးထဲဝိုင်ထည့်သောက် သူတို့မသိဘူး :P

ကိုရင် said...

မဟုတ်ပဲနဲ့တော့ အဲလို မခံရစေနဲ့.. အာရုံနောက်ဖို့ကောင်းတယ်။အဲ့တော့
နောက်တစ်ခါကျရင် အစစ်သောက်ပြီး မောင်းပါ ပိုးနှံကောင် :D

AH said...

အတော် ၀ိရိယကောင်းတဲ့ ရဲတွေ.... :)

ညီရဲ said...

မမဝသုန်လိုဘဲ အရစ်ရှည်လိုက်ဦးမယ်... ဆယ်စုနှစ်နှစ်ခုနီးပါး မသောက်ဖြစ်ဘူးဆိုပြီး ဝိုင်ပုလင်း အခွံက ဘယ်ကရတာတုန်းလို့ ... ဟီ ဟိ... စတာနော် အစ်မ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အေ ..ညီရဲရယ်.. သူများသောက်တာကျန်တဲ့ပုလင်းပေါ့.. ပြောဇာ လိုသေးလား..အဟက် .. :D

San San Htun said...

သြဇီက ရဲတွေ ဝီရိယကောင်းချက်တော့..

စံပယ်ချို said...

အထင်ခံရမဲ့တူတူ နောက်တစ်ခါ ၀ိုင်တော့မသောက်နဲ့
ပျော့လို့ ခပ်ပြင်းပြင်းလေးနဲ့ အရသာတွေ့မဲ့ ၀ီစကီကိုသာ
သောက်လိုက်နော် ကွမ်းမူးတာထက်တော့ ခံသာမယ်
P----တစ်ကယ်မသောက်နဲ့နော်
ချစ်လို့စနေတာ
ချစ်တဲ့ jasmine