Tuesday 30 August 2011

မျက်ရည်မကင်းတဲ့ရသများ




မငိုပါနဲ့
ပြောခဲ့စကား
ဘယ်လိုနားနဲ့ထောင်မှာလဲ..။
ဝမ်းမနည်းနဲ့
ပြောတဲ့တရား
ဖြေရာစကားရှားခဲ့တယ်..။
အမြဲပျော်ပါ
နင်ပြောလာတော့
ငါလည်းပျော်နေချင်ပါတယ် ..။
ကြမ္မာဆိုတာ
ထားရာမနေ
စေရာမသွား
သူလိုရာကိုသွားခဲ့တယ် ..။
ငိုခြင်းတိုင်းဟာ
ဝမ်းနည်းတာလို့
ဘယ်သူပြောလို့နိုင်မှာလဲ..။
မျက်ရည်မဲ့ကင်း
ပူခြင်းရဲ့ရင်
ဘယ်သူမြင်လို့သိမှာလဲ..။
ကြည်နူးခြင်းမှာ
မျက်ရည်ပါတာ
ငါလည်းကြုံခဲ့ဖူးပါတယ်..။
ရသတိုင်းအတွက်
တစက်မျက်ရည်
အမြဲရှိနေခဲ့ပါတယ်..။

ပျိုးယုဝသုန်
19:22:36
27-08-2011
Saturday 

No comments: