Monday 8 August 2011

အမိုက် အလွန်


ပုထုဇ္ဖနော
ဥုမ္မတကော
ပြောကြားကြုံဖူး
အချစ်ရူးလည်း
ငါပဲ ဖြစ်ဖူးခဲ့ပါသည် ..။
လောဘအတွက်
သည်းခြေပျက်လို့
သိလျက်မိုက်မူး
ဥစ္စာရူးလည်း
ငါပဲဖြစ်ဖူးခဲ့ပါသည် ..။
အမိုက်မစင်
လင်း မမြင်သား
မှောင်ကြားမှာပျော်
မသူတော်လည်း
ငါပဲဖြစ်ဖူးခဲ့ပါသည် ..။
အနတ္တကိုပြ
သင်္ခါရကို
ရှင်းရှင်းသိမြင်
ဤ၀န်းကျင်ကြား
ငါကားမရွေ့
စဉ်ပျော်မွေ့မည်
အမိုက်ဘာလဲ   သိခဲ့ပြီ ..။


ပျိုးယုဝသုန်
22:23 pm
08/08/2011
Monday

No comments: