Thursday 30 June 2011

မသိခြင်းများ







န့တစ်နေ့ ဘယ်ကစဖြစ်သလဲ


နေ့နဲ့ည ဘယ်က အရင်လဲ


ငှက်တွေအော်ကြတာ အစာမဲ့လို့လား


အိပ်တန်းဝင်ချိန်မှာ အသိုက်ပျောက်လို့လား


ခြိမ်းပြီးမရွာတဲ့မိုးကြောင့်စားစရာပျောက်သူတွေ


အသံမပေးဘဲရွာတဲ့မိုးကြောင့် ပြေးစရာပျောက်သူတွေ


ဘယ်သူတွေကအပူပိုများမလဲ


သစ်ခက်သစ်ကိုင်းတွေကြောင့် လျပ်စစ်ကြိုးတွေမှာအန္တရာယ်ရှိသတဲ့


ဒါဆို သစ်ပင်စိုက်ခဲ့သူတွေမှာ အပြစ်ရှိသလား


နားခိုရာမဲ့ခဲ့တဲ့ ငှက်တွေအတွက်


သစ်ပင်ခုတ်သူတွေမှာရောအပြစ်ရှိသလား


စိုက်သူ နဲ့ ခုတ်သူ ဘယ်သူကမှားတာလဲ


ပေးလိုက်တုန်းကတော့ ဆန်ကတစ်ခွဲ


ရရှိသွားတော့လက်တစ်ဆုတ်စာ


ယိုပေါက်များတဲ့လက်တွေအတွက်ဖာထေးစရာတွေရှာရဦးမယ် 


မွတ်သိပ်ခြင်းဆိုတာ ဆာလောင်ခြင်းမဟုတ်တာ သိရှိပြီးတဲ့နောက် အစာစားဖို့ စိတ်မပါတော့တာ အတော်ကြာခဲ့ပြီ


တည့်တည့်တော့ ကြည့်တာပဲ


ဒါပေမယ့် အားလုံးစောင်းနေကြတယ်


၂၃ ၁/၂ ဒီဂရီ ကြောင့်လား 


စောင်းပြီးကြည့်ဖို့လိုပြီလား


စောင်းကြည့်ဖို့ကြိုးစားရင်း လဲကျသွားခဲ့တာ သက်တမ်းထက်ဝက်ကျိုးခဲ့ပြီ ..  





ပျိုးယုဝသုန်

No comments: