Wednesday 15 June 2011

အိပ်မက်စကား

ဖြေကြားသူမဲ့
နားဆင်သူမရှိတဲ့
စကား အမေးပေါ့ ..
ခိုမှီလိုတဲ့ ကျောပြင်အတွက်
သီအိုရီလိုမှာလား ....
စဉ်းစားကြည့်မိတော့
အပြင်းဖျားအသိတွေနဲ့
ခါးကျိနေခဲ့တယ်  ...
အတွင်းစကားပေါ့လေ
မင်း .. နားလည်မှလည်မယ်
ကြားရတဲ့တစ်ချက်
အသက်ရှူသံသဲ့သဲ့နဲ့
နွေးထွေးခဲ့တဲ့  .. ငါ့လက်တွေ
တည်မြဲနေစေဖို့အရေး
အိတ်ကပ်လေးကို ထားပေးပါ ..

ပျိုးယုဝသုန် 

No comments: