မမဝသုန် နှင့် အပြာရောင်တောင်တန်းများ
Monday, 16 May 2011
ကလေးကဗျာများ - ၃
မေမေ့ဥယျာဉ်
ဗူးသီးကလေး
ပုတိုတို
စင်မှာ တွဲလို့ခို ၊
ခရမ်းသီးလေး
လုံးတုံးတုံး
ပင်ခြေနားမှာ ပြုံး ၊
ကန်စွန်းရွက်ရယ်
စိမ်းစိုစို
ငရုပ်သီးညိုညို ၊
သားသားမောင်ငယ်
ကူညီပေး
မေမေ့ဥယျာဉ်လေး ။ ။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment