Showing posts with label ကလေးကဗျာ. Show all posts
Showing posts with label ကလေးကဗျာ. Show all posts

Saturday, 24 January 2015

ကလေးကဗျာများ (၃၀)

ချောင်းရေထဲမှာ ဘယ်သူနေ
ငါးနဲ့ ပုဇွန်နေ
ဖားလေးတွေ ဘယ်ဆီသွား
ဟိုဒီ အိုင်ဆီသွား
သားမောင်ခူးတဲ့ ကညွတ်ညို
လတ်ဆတ် စိမ်းစိုစို
ငါးပုဇွန်ကို လိုက်ကာငေး
အပြန်နောက်ကျမယ်လေး..။

ပျိုးယုဝသုန်
23-11-2014

Saturday, 29 March 2014

ကလေးကဗျာများ (၂၉) ဗိသုကာငှက်

စာဗူးတောင်းလေး လှုပ်တုတ်တုတ်
ငှက်လေးအလုပ်ရှုပ်
ချုပ်သီတွဲတဲ့ အိမ်ဂေဟာ
မြင်သူငေးဖွယ်ရာ
ဟိုသည်ပျံကာ အိမ်ဆောက်ပေး
ဗိသုကာ ငှက်လေး ။


 ပျိုးယုဝသုန်
၂၀-၀၃-၂၀၁၄

Wednesday, 2 October 2013

ကလေးကဗျာများ (၂၈) သားချော့ကဗျာ




ကြယ်မင်းကစုံ
မီးကမှုန်
အိပ်ပါလူလေး  သားရွှေသွေး
အိုး အေ အေး .. အိုး အေ အေး..။

မိုးပေါက်ကညံ
ဖားတို့အသံ
အုံးအွမ်မြည်ကြွေး အိပ်ပါလေး
အိုး အေ အေး .. အိုး အေ အေး..။

လျပ်စီးပြက်ပြန်
မိုးခြိမ်းညံ
မေ့ရင်ခွင်ထွေး သိပ်မယ်လေး
အိုး အေ အေး .. အိုး အေ အေး..။

မျက်လုံးပြူးကြောင်
ကြည့်နဲ့မောင်
ကြောင်အိုပေမှေး ကိုက်မယ်လေး
အိုး အေ အေး .. အိုး အေ အေး..။

တောက်တဲ့မြည်သံ
ကြောက်သည့်ဟန်
အိပ်ပြီလူလေး  မေ့ရင်သွေး
အိုး အေ အေး .. အိုး အေ အေး..။


ပျိုးယုဝသုန်
02-10-2013
Wednesday (YGN)

Thursday, 8 August 2013

ကလေးကဗျာများ ( ၂၇ ) လင်းတဲ့ည



လဝန်းရွှေဝါ
ကောင်းကင်မှာ
လင်းလင်းထိန်ထိန်သာ..

မြသားခြုံလွှာ
လွှမ်းကာထား
ဖြာလဲ့ညမင်းသား..။

ကြယ်များခင်တဲ့
ညပင်လယ်
မြင်လှည့်ပါ မောင်ငယ် ..

စိန်ပွင့်လေးနှယ်
ရွယ်စုံရွေး
တစ် နှစ် ငါး ခွန် လေး..။

ချိုတေးသီလို့
ကဗျာစီ
ညရဲ့စာပန်းချီ..

ငွေရည်သွင်းတဲ့
ဒီညခင်း
လင်းလဲ့ မှုန်မှုန်လင်း..။



ပျိုးယုဝသုန်
1:33:19AM
09-06-2013
Sunday (YGN)

Tuesday, 16 October 2012

ကလေးကဗျာများ (၂၆) တီတီတွတ် တစ်တီတူး




တစ်တီတူးလေး
အတွေးခေါင်
မိုးပြိုမှာလားမောင်..။

ပူပင်တွေးကာ
ဟိုသည်ကြည့်
မောင်ငှက် ဖြေမသိ..။

အိပ်ချိန်သိလို့
မှေးမပျော်
မောင်ငှက် အကြံပေါ်..။

မိုးပေါ်ခြေကန်
အိပ်မယ်တွေး
မိုးပြိုမယ့်ရန်ဝေး ..။
စိုးရိမ်တဲ့ ငှက်လေး ..။


ပျိုးယုဝသုန်
6:49:31 PM
16-10-2012
Tuesday (BNE)

Saturday, 6 October 2012

ကလေးကဗျာများ (၂၅) - သမီးလေး




လက်အုပ်ကလေး
ရင်မှာချီ
ဘုရားကန်တော့မည်..၊

မေမေသည်မှာ
တိုင်လို့ပေး
လိုက်ဆိုပါ့မယ်လေး…။

ယဉ်ယဉ်ကျေးတဲ့
သမီးငယ်
မိဘဂုဏ်ရောင်ထည်..၊

နှုတ်ရေးချိုတယ်
မျက်နှာလေး
အမြဲ ကြည်လင်အေး...၊
မေ့ ရင်နှစ်ကလေး...။


ပျိုးယုဝသုန်
1:20:24 PM
06-10-2012
Saturday (BNE)

Sunday, 27 May 2012

ကလေးကဗျာများ (၂၄) အိမ်ကကြောင်




အိမ်နောက်ဆီကတစ်ညောင်ညောင်
ငါတို့အိမ်ကကြောင်
အိမ်ခေါင်မိုးပေါ်သူတက်ပြေး
ငှက်တွေဖမ်းမယ်တွေး။

ဆက်ရက်၊ ကျီးနဲ့ ခိုဖြူပြာ
စာလေးညိုဝါဝါ
ပျံကာဝဲကာ ဟို သည် ကြည့်
ဖိုးကြောင် ရှိ မရှိ။

မျက်နှာကျက်ကြား တစ်နေရာ
ကြွက်တို့ ဘုံကမ္ဘာ
တိုးတိတ်ညင်သာ လျောက်ပါဟဲ့
ကြောင်ကြီးကြားမယ်ကွယ့်။

ဗြုံးဗြုံးဒိုင်းဒိုင်း ထိုအသံ
အိမ်ခေါင်ထက်မှာညံ
ရှဥ့်ပျံ ချွေတဲ့ အုန်းသီးကင်း
ဖိုးကြောင်ပြေးလို့ဆင်း။

ထိတ်လန့်ခြင်းနဲ့ ညောင်ညောင်အော်
မလေး ကြားပြန်သော်
ကြောင်လေးခေါ်ကာ ငါးကြော်ကျွေး
ဖိုးကြောင်ကြိုက်တယ်လေး။


ပျိုးယုဝသုန်
7:59:54 PM
27-05-2012
Monday (BNE)

Wednesday, 9 May 2012

ကလေးကဗျာများ (၂၃) - တီကောင်




တွန့်တွန့်ကွေးကွေး
တီကောင်လေး
အရောင်နီစွေးစွေး..။

သစ်ရွက်ကြွေတို့
အောက်ခြေတွင်
သူတို့အိပ်ရာဝင်..။

မြေကိုစားကာ
ပြန်အန်ထား
စိုးရိမ်တတ်သူများ..။


ပျိုးယုဝသုန်
11:55:29PM
09-05-2012
Wednesday (BNE)

Sunday, 4 March 2012

ကလေးကဗျာများ(၂၂) - ဝလုံးရေးနည်း


ကကြီးခခွေး
စာကိုရေး
ညီလေးမောင်ရေအေး..

ဝလုံးရေးတော့
ညီလေးမှိုင်
ဝလုံးမဝိုင်းနိုင် …

ယိမ်းယိမ်းယိုင်စ
သူ့ဝလုံး
ကူညီကြပါဦး …

မိုးပေါ်ကြည့်ပါ့
လမင်းဝါ
ပြုံးလျက်ထိန်ထိန်သာ…

သူ့မျက်နှာကို
ကူးကာရေး
ညီလေး ဝလုံးဝိုင်းမယ်လေး…


ပျိုးယုဝသုန်
11:49:09 PM
03-03-2012
Saturday(BNE)

Tuesday, 31 January 2012

ကလေးကဗျာများ(၂၁) - ပိုးနှံကောင် ပုံပြင်

ပိုးနှံကောင်ပုံပြင်



ပိုးနှံကောင် ပိုးနှံကောင်
ချောင်ထဲခိုလို့အိပ်ဟန်ဆောင်
ပုရွက်မောင်အကောင်သေး
ထမ်းပိုးသယ်ရေး ..၀န်မလေး..

အစာစုရေးသူပူပင်
မိုးလေ၀သတွက်ချိန်တွင်
သူငယ်ချင်းကိုအသိပေး
နှံကောင်ပျင်းလို့အိပ်မယ်တွေး …

မိုးပြင်းလေပြင်းတိုက်သောခါ
စားရာမဲ့တဲ့နှံကောင်ပါ
နောက်ကျခါမှာဆင်ခြင်တွေး
အစာရှာဖို့ခက်ပြီလေး …

မောင်လေးညီမသည်ပုံပြင်
မှတ်သားပါလို့စိတ်မှာထင်
ကြိုတင်ကာပင်ပြင်ဆင်ထား
အောင်မြင်မှုရဲ့ပန်းတိုင်များ
ရစေ နီးစေသား….



ပျိုးယုဝသုန်
8:02:25PM
31-01-2012
Tuesday(BNE)

Friday, 20 January 2012

ကလေးကဗျာများ (၂၀)

ပုဇဉ်းကောင်


ကြည့်စမ်းပါကွယ့် ပုဇဉ်းကောင်
အမြီးထောင်တောင်ပံခတ်ပါလို့
လူးလားမြောက်တောင်..
သားငယ်မောင်
မေးလာတဲ့ထိုစကား
ပုဇဉ်းမှာဘယ်ကိုသွားမယ်
ပြောပြပါလား.…



ပျိုးယုဝသုန်
11:01:28 AM
20-01-2012
Friday (BNE)

Sunday, 8 January 2012

ကလေးကဗျာများ (၁၉)


မလေးရဲ့ဥယျာဉ်

ပန်ပွင့်နီဝါ
ရောင်စုံစွာ
မလေးဥယျာဉ်မှာ …
ပြာညိုတစ်ဝက်
ဖြူတစ်ဝက်
ရောင်စဉ်ရော၍ယှက် …
လိမ္မော်အနက်
စွက်တလီ
စိမ်းရင့်နုဝါချီ  …
ညိညီညာညာ
စီကာထား
ပန်း ၊ ပျိုးပင်လေးများ …

ပျိုးယုဝသုန်
10:15:00 AM
06-01-2012
Friday (BNE)

ကလေးကဗျာများ (၁၈)



စိမ်းစားဥ

ငါ့ဆံပင်က
စိမ်းရင့်လေ
မြေပြင်ထက်မှာနေ …
ငါ့ကိုယ်ခန္ဓာ
ကြီးလာဖို့
မြေတွင်းခိုမယ်ဗျို့ …
ဖွံ့ဖွံ့ထွားထွား
ဖြစ်သောခါ
ငါ့ကိုခေါ်ကြပါ  …
ရေငတ်ပြေမှာ
စားပါအခု
ငါက ..စိမ်းစားဥ ….

ပျိုးယုဝသုန်
05:45:32AM
04-01-2012
Wednesday (BNE)

ကလေးကဗျာများ (၁၇)




သမီးကလေး
တီတီတာ
စကားချိုချိုသာ …
ပြုံးပြုံးရယ်ကာ
ရႊင္ရႊင္ပ်
စိတ်ထားသူ့အလှ …
မုန့်စားလျင်လည်း
ခေါ်တယ်လေ
သမီးဖော်ဖော်ရွေ …
ကြီးသူရိုသေ
ဦးတင်ချ
သမီးရှုမဝ …


ပျိုးယုဝသုန်
10:18:55AM
08-01-2012
Sunday (BNE)

ကလေးကဗျာများ (၁၆)



ဥသြ

ဖိုးရွှေဥသြ
သံချိုနှော
သီချင်းဆိုသလော …
ဖေဖေပြောတဲ့
နွေရာသီ
ဥသြသံသာမြည် …
မိုးဆောင်းရာသီ
ဘယ်ဆီသွား
နွေဧည့်သည်လေးများ …

ပျိုးယုဝသုန်
06:23:18 PM
07-01-2012
Saturday (BNE)

Tuesday, 27 December 2011

ကလေးကဗျာများ (၁၅)



ချိုးကလေး  ချိုးကလေး
ကူကူ သူမြည်ကြွေး  …
အသံပေးတဲ့ကိုချိုးဖြူ
ဘယ်နားဆီကကူ …
လူလေးဇာနည် မြင်ချင်လို့
လိုက်ရှာကြပါစို့ …

ပျိုးယုဝသုန်
01:26:39 PM
26-12-2011
Monday (BNE)

Saturday, 24 December 2011

ကလေးကဗျာများ (၁၄)



မေမေရယ် မေမေရယ်
ကျောင်းကိုသွားတော့မယ် …
လွယ်အိတ်ထဲမှာ ပြင်ဆင်ထား
စာအုပ် ခဲတံ များ  …
ခဲဖျက်ကြားနဲ့ပေတံမှာ
မရှိမဖြစ်ပါ  ..
နေ့လည်စာကို ယူပါလို့
ကျောင်းကိုသွားပြီဗျို့  ..
မြန်မြန်ပို့ပါ့ ဖေဖေရာ
ကျောင်းနောက်ကျမယ်ဗျာ…
စက်ဘီးယာဉ်မှာတင်ကာသွား
ဖေဖေ့ရင်ခွင်ကြား  …
စာသင်ကျောင်းသား တူတူနော်
သူငယ်ချင်းအဖော် …
ကျောင်းနေပျော်လို့ စာတွေရ
သားငယ် ပထမ  …

ပျိုးယုဝသုန်
10:41:41
24-12-2011
Saturday (BNE)

ကလေးကဗျာများ (၁၃)



ဆက်ရက် ဆက်ရက်  တကြော်ကြော်
အပင်ထက်မှာအော်  …
ဘာလို့အော်တယ်  ကိုဆက်ရက်
ပြောပြပေးပါကွယ့်  …
မိုးစဲပါလို့ နေခြည်ဖြာ
သိလို့အော်တာပါ …
ရာသီအကြောင်းကို ကြိုကာတွက်
က၀ိ ကှိုဆက်ရက်  …
ပုရွက်ငယ်တို့ အိမ်ယာချီ
အိမ်ပေါ်သွားနေသည် …
ဘာလို့ချီသည်  ကိုပုရွက်
ပြောပြပေးပါကွယ့် …
မိုးများပါလို့ ရေ၀င်မည်
ကြိုတင်သိပါသည်  ..
သည်မိုးသည်ရေ လုံစေဖို့
အိမ်ယာ ရွှေ့တယ်ဗျို့   …
သဘာဝမို့ သိနားလည် 
အံ့သြ မှတ်စဖွယ်  …
ဥတုအကြောင်းရယ် ကြိုသိထား
တိရိစ္ဆာန်လေးများ  ….

ပျိုးယုဝသုန်
11:57:17 AM
24-12-2011
Saturday (BNE)

ကလေးကဗျာများ (၁၂)

သိုးကလေး


သိုးကလေး  သိုးကလေး
အသားဖြူဖြူဖွေး …
ကောက်ကောက်ကွေးကွေး ဆံပင်ဝါ
သိုးလေးပိုင်ဆိုင်တာ …
မျှဝေပါတယ်  သူ့စိတ်ထား
ညှပ်၍ယူပါဗျား  ….
အနွေးထည်နဲ့ ခြုံစောင်ထည်
ရက်လို့ယူပါကွယ် …
သိုးမွေးထည်ရယ် လူအများ
ဝတ်နိုင်ကြစေသား  …
ဆောင်းတွင်းခါမို့  နွေးစေသော်
သိုးလေးသူလေပျော်  …
မြက်ခင်းပေါ်ဝယ်  ခုန်ကာပြေး …
စိတ်ထားဖြူသူလေး …
သိုးလေးမောင်ဖြူဖွေး ..

ပျိုးယုဝသုန်
10:48:35AM
24-12-2011
Saturday (BNE)

ကလေးကဗျာများ - ၁၁




စံပယ်ဖြူဖွေး  ကြူကြူမွှေး
ရနံ့သင်းထုံအေး …
မလေးသီတဲ့  ပန်းစေတီ
ပန်းပွင့်ညှာစီစီ…
မောင်လေးဇာနည်  ကူညီပေး
ပန်းတွေခူးမယ်လေး …
ကြည်လင်နွေးမြ နံနက်မှာ
ဖေဖေလည်းလာပါ …
ဘုရားရှင်မှာ လှူမှာမို့
လက်အုပ်ချီပါစို့  ….

ပျိုးယုဝသုန်
09:09:40 AM
24-12-2011
Saturday (BNE)