သိုးကလေး
သိုးကလေး သိုးကလေး
အသားဖြူဖြူဖွေး …
ကောက်ကောက်ကွေးကွေး ဆံပင်ဝါ
သိုးလေးပိုင်ဆိုင်တာ …
မျှဝေပါတယ် သူ့စိတ်ထား
ညှပ်၍ယူပါဗျား ….
အနွေးထည်နဲ့ ခြုံစောင်ထည်
ရက်လို့ယူပါကွယ် …
သိုးမွေးထည်ရယ် လူအများ
ဝတ်နိုင်ကြစေသား …
ဆောင်းတွင်းခါမို့ နွေးစေသော်
သိုးလေးသူလေပျော် …
မြက်ခင်းပေါ်ဝယ် ခုန်ကာပြေး …
စိတ်ထားဖြူသူလေး …
သိုးလေးမောင်ဖြူဖွေး ..
ပျိုးယုဝသုန်
10:48:35AM
24-12-2011
Saturday (BNE)
No comments:
Post a Comment