Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, 26 July 2012

မြင်းမိုရ် ဖြိုတဲ့လက် မဖြစ်စေချင်





မိဘကျေးဇူး မြင်းမိုရ်ဦး၊ မြင်းမိုရ်ထက်မြင့်သော အစရှိသည်တို့ဖြင့် မိဘတို့၏ကျေးဇူးကို ပုံပမာ တင်ကြသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူရယ်လို့စမဖြစ်ခင် အချိန် အမိဝမ်းတွင်းမှာပင် မိခင်တို့သည် မိမိတို့၏ ကလေးငယ်တို့အတွက် အစားသောက် အနေအထိုင်မှ အစ လိုက်နာရမည်များကို မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လိုက်နာ၍ ရှောင်ကျဉ်ရမည့် အရာများကိုလည်း မည်မျှပင် နှစ်သက်မက်မောစေကာမူ ရှောင်ကျဉ်ခဲ့သည်။ ရင်သွေးငယ်တို့ကို လွယ်ပိုးဖူးသော မိခင်ဟူသမျှသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မိမိတို့၏ သားသမီးများအပေါ်တွင် ကာကွယ်လိုစိတ်၊ စောင့်ရှောက်လိုစိတ်လည်းရှိကြသည်သာ ဖြစ်သည်။


လူသားတိုင်းတွင် မွေးမိခင်နှင့်မွေးဖခင်သည် တစ်ဦးတစ်ယောက်စီသာရှိသည်။ မိမိတို့ လူသားအဖြစ်သို့မရောက်ခင်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သော မိခင်တို့သည် ငွေကြေးအားဖြင့်လည်း ဝယ်ယူ၍ မရနိုင်ပေ။ ဆုံးရှုံးသွားလျှင်လည်း အစားထိုးရာအဖြစ် မည်ကဲ့သို့မျှ မရနိုင်သောသူများတွင် မိဘသည် အရှေ့ဆုံးမှ ပါဝင်သည်။ ငွေကြေး၊ စည်းစိမ်ချမ်းသာ နှင့် ဥစ္စာဓန ကို အကြောင်းပြု၍ မိမိ ၏ မိခင်ကို စွန့်ပစ်ခြင်းမှာမူ ဘာသာတရား အရတွင်သာမဟုတ် လူမှုယဉ်ကျေးမှုအရပါ မလုပ်သင့် မလုပ်ထိုက်သော အကြောင်းအရာသာ ဖြစ်သည်။

Tuesday, 5 June 2012

လူမှုကွန်ယက်သုံးစွဲမှုနှင့် အမြင်များ






People with low income and low-educated individuals spend more time on Facebook  ဆိုသည့်စာသားကို ဆွီဒင်နိုင်ငံ University of Gotherburg ၏ သတင်းထဲတွင် ဖတ်ရှုခဲ့ရသည်။ စိတ်ပညာကျောင်းသားများဖြစ်ကြသော Lief Denti  နှင့် Isak Barbopoulos တို့က Facebook သုံးစွဲသူ ဆွီဒင်လူမျိုး အယောက် ၁၀၀၀ အပေါ်မှာအခြေခံပြီး ခြုံငုံလေ့လာစာရင်းပြုစုထားကာ ရရှိလာသော ရလဒ်များမှတဆင့် ကောက်ချက်ချထားတာကို လေ့လာဖတ်ရှုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။


ဤသို့သောသတင်းတွေအပေါ်တွင် သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ဖြစ်နိုင်ခြေ များနေသည်ကိုလည်း သတိပြုမိခဲ့သည်။ High Income ရနေသူများ၊  Good Income ရှိသူများ၊  Well Educated ဖြစ်ပြီး နေရာတစ်နေရာတွင် တာဝန်ကြီးကြီးတစ်ခုကို ယူထားရသူအများစုသည် ၎င်းတို့၏ လုပ်ငန်းဝန်တာများ ပိနေသည့်အတွက် Facebook နှင့်Social network  များပေါ်တွင် သူတို့၏ အချိန်တော်တော်များများကို မသုံးနိုင်ကြပေ။


အွန်လိုင်းပေါ်တွင် အချိန်တော်တော်များများ ရှိနေကြသူများသည်...

Monday, 20 February 2012

ပြောင်းလဲလာသောယဉ်ကျေးမှုနှင့်ဖြေရှင်းမှုများ






အမြင်မတော်တဲ့အကြောင်းအရာတွေကိုမြင်ရကြားရတာတွေများလာတော့မောပန်းတဲ့စိတ်နှင့်အတူကို်ယ့်မြန်မာမိန်းကလေးတွေအပေါ်မှာစိုးရိမ်စိတ်လည်းဝင်လာမိပါတယ်…


မိန်းကလေးတို့အိနြေ္ဒ..ရွှေပေးလို့မရဆိုတဲ့ကျွန်မတို့ရဲ့မြန်မာအမျိုးသမီးတွေကိုယ်ကျင့်တရားသိက္ခာကိုစောင့်ထိန်းမှုအပေါ်တန်ဖိုးထားတဲ့စကားလုံးကလေးကိုမြင်မိတိုင်းကြားမိတိုင်းအမျိုးသမီးကလေးတိုင်းကိုဒီစကားပုံလေးထဲကအတိုင်းဖြစ်စေချင်တဲ့အတ္တကပိုပိုလာခဲ့တယ်..


ခေတ်ရဲ့ပြောင်းလဲမှုကြောင့်လား…အနောက်နိုင်ငံရဲ့ကူးစက်လာတဲ့ယဉ်ကျေးမှုကြောင့်လားဆိုတာသေချာမပြောနိုင်ပေမယ့်ဒီဘက်ဆယ်စုနှစ်နှစ်ခုကာလမှာလက်ထပ်ခြင်းမရှိပဲအတူနေတဲ့စုံတွဲတွေကိုပိုပိုပြီးမြင်ခဲ့ရပါတယ်…အနောက်နိုင်ငံတွေမှာကိုးကွယ်ရာဖြစ်တဲ့ခရစ်တော်ရဲ့အယူတွေမှာလည်းလက်မထပ်ခင်အတူနေခြင်းဆိုတာကိုဘုရားသခင်ကကောင်းချီးပေးတော်မမူပါဘူး…လွန်ခဲ့တဲ့အနှစ်၂၀လောက်တုန်းကအထိလက်မထပ်ခင်အတူနေတဲ့စုံတွဲတွေဟာChurchထဲမှာလက်ထပ်ခွင့်မရကြပါဘူး…ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယန်တွေမှာဆိုလျင်Churchထဲမှာလက်ထပ်ခွင့်မရတဲ့စုံတွဲတွေဟာစင်ကြယ်တဲ့ထိန်းမြားခြင်းမဟုတ်ဘူးဆိုပြီးမျက်နှာငယ်ရပါတယ်…

Tuesday, 14 February 2012

အိပ်မက်မက်သူများ



လူတိုင်းလူတိုင်းကလေးဘဝမှစ၍အိပ်မက်မက်ဖူးကြသည်…ငယ်ဘဝတွင်ငယ်ဘဝ၏မျှော်လင့်ချက်များ..လိုလားချက်များ..ဖြစ်စေလိုမှုများကိုအိပ်မက်အဖြစ်နှင့်ရခဲ့သည်လည်းရှိသည်…မိမိနှစ်သက်မြတ်နိုးသည့်အရာများကိုဆုံးရှုံးသွားသည်လည်းရှိခဲ့သည်…မည်သို့ပင်ဆိုစေကာမူအိပ်မက်များသည်မခေါ်ယူပါပဲလည်းရောက်ရှိခဲ့ကြသည်…မပြီးဆုံးစေချင်ပေမယ့်လည်းလန့်နိုးထ၍ကွယ်ပျောက်ခဲ့ကြသည်…


အတိတ်ကိုဝင်စား၍ဖြစ်စေ…ကြိုတင်နမိတ်များအဖြစ်ဖြစ်စေ…သွေးလေခြောက်ခြားခြင်းကြောင့်ဖြစ်စေ…နတ်တို့လှည့်စားသောကြောင့်ဖြစ်စေအိပ်မက်ကိုမက်ကြသည်ဟုရှေးလူကြီးသူမများပြောသဖြင့်ကြားဖူးခဲ့သည်…မည်သည့်အကြောင်းကြောင့်ဖြစ်စေအိပ်မက်ကိုနှစ်သက်စွာမက်လိုခဲ့ကြသည်…အိပ်မက်တွင်အများအားဖြင့်အရောင်အဆင်း…အသံ..အနံ့..အရသာ..မရှိ..အထိအတွေ့မရှိ..ရံဖန်ရံခါမှသာယင်းသည်တခုတလေအဖြစ်အိပ်မက်တွင်ပါဝင်လေ့ရှိသည်…ထိုအခါအိပ်မက်သည်ပိုမိုလှပသယောင်..ပိုမို၍အဓိပ္ဗါယ်ပြည့်စုံသယောင်ထင်မှတ်ရပေသည်…

Thursday, 9 February 2012

နိုင်ငံခြားဘာသာစကား ၊ နိုင်ငံခြားသားနှင့် အားနာခြင်း


ဒီစာစုကလေးကိုရေးမယ်ရေးမယ်နဲ့ရေးပြန်တော့လည်းတော်တော်နဲ့အစမသတ်ဖြစ်ခဲ့ပါဘူး..ကျွန်မတို့မြန်မာလူမျိုးတွေရဲ့အားနာတတ်မှုနဲ့စိုးရိမ်ကြောင့်ကြကြီးမှုတို့ကြောင့်နိုင်ငံခြားသားတွေရဲ့နောက်ကောက်ကျနေသလိုဖြစ်နေတာကိုတွေ့ရတာအခါခါဖြစ်လာတော့မရေးမနေနိုင်ပဲမခံချင်စိတ်ကြောင့်ရေးဖြစ်ခဲ့တယ်..ရေးပြီးပြန်တော့လည်းသင့်လျော်၏မသင့်လျော်၏ဆိုတာကိုစဉ်းစားရင်းနဲ့ကြန့်ကြာနေပြန်တယ်..ဤစာစုကလေးကိုရေးခြင်းမှာမည်သူ့ကိုမျှဆရာလုပ်ချင်သည့်စိတ်မပါရှိပါဘူး..ရဲရင့်စေချင်သည့်စိတ်စေတနာသက်သက်ဖြင့်သာရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်…


တစ်နေ့မှာဗိုလ်ချုပ်အောင်ဆန်းဈေးထဲကိုရောက်ခဲ့ပါတယ်..ပန်းချီကားများကိုကြည့်ရင်း..အနုလက်ရာများနှင့်လက်ဆောင်ပစ္စည်းတန်းဘက်ကိုရောက်တော့အရောင်းစာရေးကလေးမလေးတစ်ယောက်နဲ့နိုင်ငံခြားသားစုံတွဲတစ်တွဲမပြေမလည်ဖြစ်နေတာကိုတွေ့ရတယ်…ကလေးမလေးရဲ့မျက်နှာကငိုတော့မလိုကိုကြောက်လန့်နေတာကိုတွေ့ရတော့မနေနိုင်စွာပဲဝင်ရောက်စပ်စုမိခဲ့တယ်…


ပြဿနာရဲ့အစကတော့ငွေထည်ကိုဖောင်းကြွလုပ်ထားတဲ့ပန်းချီကားတစ်ချပ်ပါပဲ…လက်ရာကလည်းအင်မတန်မှသေသပ်လှပါတယ်..ဒီပန်ချီကားလေးကိုနိုင်ငံခြားသားစုံတွဲကနှစ်ခြိုက်ကြတယ်…နောက်တော့ဈေးဆစ်တာပေါ့…နိုင်ငံခြားသားတို့ရဲ့ထုံးစံအတိုင်းရှင်းရှင်းလင်းလင်းမဆစ်ပဲဝေ့၀ိုက်ပြောတာကိုအရောင်းစားရေးမလေးကလိပ်ပတ်လည်အောင်နားမလည်းဘူး…ဒီလိုသူနားမလည်တာကိုပြန်မမေးပဲ Yes, OK, All rightဆိုတဲ့စကားကိုပြုံးချိုစွာနဲ့ ပြန်လည်ပြောဆိုနေတော့နိုင်ငံခြားသားစုံတွဲကလည်းဝမ်းသာအားရယူမယ်ဆိုပြီပစ္စည်းကိုထုတ်ပိုးခိုင်းတာခဲ့တယ်…အဲဒိနောက်ငွေရပြေစာပေးတဲ့အခါမှာပြဿနာကစတာပါ..ကောင်မလေးရေးပေးတဲ့ပြေစာဖြတ်ပိုင်းမှာရေးထားတဲ့ကျသင့်ဈေးနှုန်းနဲ့အနှီစုံတွဲပေးချေတဲ့ငွေဟာအတော်ကလေးကွာဟနေပါတယ်..ကောင်မလေးကလည်းငွေမပြည့်လို့ပြော..အနှီစုံတွဲကလည်းပြန်ပြော..(အများအားဖြင့်ထိုစုံတွဲကပြောနေတာများပြီးအရောင်းစားရေးမလေးက No နဲ့ Sorry  ကိုထည်လဲပြောနေတာသာများတာပါ)….အဲဒီအချိန်မှာသူတို့အနားကို ရောက်သွားခဲ့တယ်..

Monday, 6 February 2012

အိမ်ထောင်ရေး နှင့် မာန်မာနများ







“တူနှစ်ကိုယ်တဲအိုပျက်မှာနေရ…..ရွှေဘုံပေါ်မှာစံရ …….ချစ်တာချစ်တာ ပဓါနလို့ ဆိုချင်ပါတယ် …..”


အထက်ပါသီချင်းကလေးဟာချစ်ခြင်းမေတ္တာကိုအလေးပေးပြီးဘဝကိုဝံ့ဝံ့ရဲရဲဖြတ်ကျော်ရဲခြင်းကိုကိုယ်စားပြုထားတာပါ…


တစ်မိသားနှင့်တစ်မိသားအိမ်ထောင်ဘဝတစ်ခုကိုစတင်တည်ထောင်ဖို့ဘာတွေလိုအပ်မလဲ…အဓိကလိုအပ်ချက်ကတော့တစ်ဦးနှင့်တစ်ဦးအပြန်အလှန်မေတ္တာရှိမှု…အလေးထားမှု…နားလည်ယုံကြည်မှု..ဖေးမမှုတွေလိုအပ်ပါတယ်…ငွေကြေးဟာဒုတိယဘုရားသခင်ဖြစ်တယ်ဆိုပေမယ့်တစ်ဦးနှင့်တစ်ဦးနားလည်ယုံကြည်မှု..ဖေးမမှု..မေတ္တာတရားနှင့်အလေးထားမှုတွေမရှိဘူးဆိုခဲ့လျှင်တော့အောင်မြင်တဲ့အိမ်ထောင်တစ်ခုလှပစွာဖြစ်တည်လာမှုကိုဒုတိယဘုရားသခင်ဖြစ်တဲ့ငွေကြေးကလည်းမဖန်တီးမတည်ဆောက်ပေးနိုင်ပါဘူး…


ယနေ့ခေတ်အခြေအနေအရသာမန်အိမ်ထောင်တစ်ခုမှာခင်ပွန်းသည်ရောဇနီးသည်ပါဝင်ငွေရှိတဲ့အလုပ်တခုစီကိုလုပ်ကိုင်နေမှစားဝတ်နေရေးအဆင်ပြေတဲ့အနေအထားမှာရှိကြပါတယ်…လုပ်တဲ့လုပ်ငန်းမအောင်မြင်ခင်..ငွေကြေးဥစ္စာတွေမပေါများမချမ်းသာစဉ်မှာခင်ပွန်းနဲ့ဇနီးသည်တို့ဟာတစ်ယောက်ကိုတစ်ယောက်အားပေးရင်းဖေးမရင်းဘဝရဲ့တိုက်ပွဲကိုလက်တွဲပြီးစိန်ခေါ်တိုက်ပွဲဝင်ခဲ့ကြတယ်…ဆင်ရဲဒုက္ခကိုကျောချင်ကပ်ပြီးရဲဖော်ရဲဖက်စိတ်အပြည့်နဲ့ရင်ဆိုင်ခဲ့ကြတယ်…တစ်ဦးနှင့်တစ်ဦးငဲ့ညှာပြီးအဖော်ကောင်းတွေအနေနဲ့တည်ရှိခဲ့ကြတယ်…နွမ်းပါးနေတဲ့အချိန်မှာသူတို့မှာငွေကြေးကလွဲလို့အရာရာဟာပြည့်စုံခဲ့တယ်…တစ်ဦးနှင့်တစ်ဦးစိတ်ပိုင်းဆိုင်ရာဖေးမမှုတွေကြောင့်ဘယ်လိုပြဿနာကိုမဆိုလက်တွဲရင်ဆိုင်ဖို့အသင့်ရှိနေကြတယ်…

Wednesday, 21 December 2011

ဘယ်ကိုသွားမလဲ မောင်ရေခဲ ၊ မောင်ရေခဲကိုဘာလုပ်ခိုင်းမလဲ

ဒီစာစုလေးကိုေ၇းဖို့ကျွန်မအတန်တန်စဉ်းစားခဲ့ပါတယ်..နောက်ဆုံးတော့မနေနိုင်မထိုင်နိုင်နဲ့ပဲရေးဖြစ်ခဲ့ပါတယ်..ခုပြောချင်တာလေးကတော့မြန်မာနိုင်ငံကမိဘတွေသားသမီးတွေကိုနိုင်ငံရပ်ခြားကိုစေလွှတ်ပြီးပညာသင်ကြားစေတဲ့အကြောင်းကလေးပဲဖြစ်ပါတယ်..

Thursday, 8 December 2011

မိဘ၊ လူငယ်နှင့် ယဉ်ကျေးမှု




ညီမလေးရေ ..
မကြာသေးခင်ကမှအမိမြန်မာပြည်ကနိုင်ငံခြားတိုင်းပြည်ကိုထွက်လာခဲ့တဲ့ညီမလေးကိုပြောချင်တာလေးတွေနဲနဲတော့ရှိတယ် ကွယ့်၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး သင်ကြားပြသတာမဟုတ်ပေမယ့်ညီမလေးလည်းသိသင့်သိထိုက်တာလေးတွေကိုပြောချင် တာပါ၊

မနေ့ကတော့ မြန်မာပြည် နယ်မြို့လေးတွေက အိမ်တွေလို ၀ရံတာ ကြီးကြီး နဲ့ ရေနံဝ နေတဲ့အိမ်တွေနဲ့တူတဲ့ အိမ်တွေ Wavell Heights ဆိုတဲ့ ရပ်ကွက်ထဲမှာတွေ့ခဲ့တယ် ၊ သစ်ပင်ကြီးတွေ ၀ိုင်းနေတဲ့ အဲဒီအိမ်ကြီးကိုကြည့် ပြီးမြန်မာပြည်ကို အရမ်းသတိရ မိတယ် ၊ စိန်ပန်းနီပင်တွေနဲ့ ပြည့် နေတဲ့လမ်းဟာ မြန်မာပြည်လိုပါဘဲညီမရေ ။

Wednesday, 7 December 2011

ချစ်ခြင်းနဲ့အတ္တ



“ကိုကိုကျွန်မကိုချစ်ရင်အဲဒီတစ်ယောက်နဲ့ အဆက်အသွယ်မလုပ်ပါနဲ့ စကားမပြောပါနဲ့”

“ခင် ..ကိုယ့်ကိုချစ်တယ်ဆိုရင် ဒီလို အလှတွေမပြင်ပါနဲ့..”

“….ချစ်တယ်ဆိုရင် ဆေးလိပ်မသောက်ပါနဲ့ ..”

“……..  ချစ်တယ်ဆိုရင် အရက်မသောက်ပါနဲ့ …”

“….  ချစ်တယ်ဆိုရင် ကွမ်းမစားပါနဲ့ ..”

“…..  ချစ်တယ်ဆိုရင်  သီချင်းမဆိုပါနဲ့”

“…….  ချစ်တယ်ဆိုရင် ဓါတ်ပုံ မရိုက်ပါနဲ့ ..”

“ …..  ချစ်တယ်ဆိုရင် ……………… ပါနဲ့ ”

ဒီလို စကားတွေကို ပတ်ဝန်းကျင်မှာနေ့စဉ်နှင့်အမျှကြားနေရတာနှစ်ပေါင်းအတော်ကြာခဲ့ ပါပြီ.. ချစ်တယ်ဆိုရင် ဟိုဟာ မလုပ်ပါနဲ့ ..ချစ်တယ်ဆိုရင် ဒီဟာ မလုပ်ပါနဲ့ဆိုတဲ့စကားကိုမိန်းကလေးတွေသာမကယောက်ျားလေးတွေပါဖောဖောသီသီသုံးနေကြတာကိုလည်းတွေ့ မြင်လာခဲ့ရတဲ့နောက်ပိုင်း ချစ်တယ် ဆိုတဲ့ စကားလုံးကလေးဟာ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတားမြစ်ဖို့အသုံးပြုရာစကားတစ်ခွန်းများဖြစ်နေလေပြီလားလို့သံသယ ၀င်လာခဲ့ရတယ်..တကယ်တော့မိမိရဲ့အတ္တကိုအရောင်တင်ဖို့ဆိုရင် ချစ်တယ် ဆိုတဲ့စကား တစ်ခွန်းကိုအသုံးပြုဖို့မသင့်ပါဘူး..

Sunday, 4 September 2011

ချစ်ခင်တန်ဖိုးထားစေချင်

ညီမလေးရေ 

ဒီနေ့Sunshine Coast ဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားရင် လမ်းဘေးတစ်ဘက်တစ်ချင်စီမှာ စီတန်းစိုက်ပျိုး ထားတဲ့ ထင်းရှူးပင်တွေကို ညီညီညာညာလေးတွေ့ခဲ့ရတယ်၊ Glass House Mountain လို့ခေါ်တဲ့ တစ်တောင် တည်း ထီးထီးတည်ရှိနေတဲ့တောင်ကြီးကိုလည်း မြင်တွေ့ခဲ့တယ် ၊ ဒီလို လှပစိမ်းစို နေတဲ့ သစ်ပင်တန်းတွေရယ် နဲ့တောင်ကြီး ကိုတွေ့မြင်ရတော့ တောင်တန်းတွေ သစ်တော စိမ်းစိမ်းတွေနဲ့ လှပနေခဲ့ဖူးတဲ့ လှပနေဆဲလည်း ဖြစ်တဲ့ အစ်မတို့ရဲ့နိုင်ငံကို လွမ်းဆွတ်မိခဲ့တယ် ။