Showing posts with label လက်ဆောင်ကဗျာများ. Show all posts
Showing posts with label လက်ဆောင်ကဗျာများ. Show all posts

Friday, 21 December 2012

မွေးနေ့ကဗျာ


မွေးနေ့ကဗျာ (၂၁-၁၂-၂၀၁၂)
HAPPY BIRTHDAY PA PA


သုံးဆယ်ကျော် လေးမှာရပ်
လှမြတ်မြတ် ဖြိုးကလျာ
ဘဝအထပ်ထပ် တိုးသဒ္ဒါတယ်
မရိုးပါကွယ်သက်ဆုံး။

ခင်မမုန်းနိုင်ဘု
ယှဉ်ရုန်းကာ ဘဝလမ်းကိုလ
လျောက်စမ်းပ လမ်းရှည်ရှည်
နှစ်ယောက်ထမ်းမှ နွမ်းမခွေတယ်
ဘဝအခြေ လက်တွဲ။

ဆက်ချည်မြဲလာတဲ့
လက်သည်အတွဲမပြယ်ရစ်ပြီမို့
သက်တည်မြဲ ဖော်အဖြစ်ရယ်နှင့်
ချစ်ခြင်းဖြင့် သံသာတိုင်
ကူးနိုင်မယ့်သူလေး။

အစဉ်အေးကြည်ဖို့
ယှဉ်တေးသီကဗျာလေးမှာကွယ့်
မှာရေးကို ခါခါကျော့သူမို့
Birthday သူ မမယ်ပရယ်က
အိုကွယ်..
ကျေနပ်မယ်လား..။


ချစ်ခြင်းများဖြင့်
မမဝသုန်

မူမူ




ချစ်သောမူ
မွေးနေ့တူတဲ့ဆွေရင်း
သက်ဆုံးတိုင်ပျော်ရွှင်ငြိမ်းစေကွယ့်
တောင်းဆုရင်တွင်း ..။ ။

ဝသုန်
၁၉ -၁၂-၂၀၁၂

မနော်ဟရီ ကို ခံစားမိခြင်း





လမင်းပမာ
သူ့မျက်နှာက
ဝင်းပကြည်မြ
ရှုမဝ။

လေပြည်အလာ
သူ့ဆံလွှာ
ညင်သာကကြ
ရှုမဝ။

ခေါင်းငဲ့အပြုံး
မျက်လုံးရီရီ
ချိုကြည်ပျံ့လွင့်
နှုတ်အဖွင့်တွင်
ပန်းပွင့်တွေလည်း ဝေခဲ့ပြီ။


ပျိုးယုဝသုန်
၁၄-၁၂-၂၀၁၂
ခေတ္တ(BNE)

မှုံ့မေမေ - မင်္ဂလာနှစ်ပတ်လည်


၁+၁=၁ , (၁+၁)+၁=၁


တစ်ယောက်တစ်ဘဝ
နှစ်ယောက်တစ်ဘဝ
သုံးယောက်ပေါင်းလည်း တစ်ဘဝနှင့်
ချိုမြကြည်သာ
ချစ်ကြပါစေ
နောင်အရှည် သက်ဆုံးတိုင်သရွေ့ ..။



ချစ်ခင်မှုများဖြင့်
ဝသုန်
၀၃-၁၂-၂၀၁၂