တစ်နေ့တွင် ဖေဖေနှင့် မေမေသည် ကျုံကမိစုရွာကလေးသို့ မေမေ့ တူမဝမ်းကွဲလေး၏
စေ့စပ်မင်္ဂလာပွဲကို ချီးမြှင့်ရန် သွားရောက်ခဲ့သည်။ စေ့စပ်မင်္ဂလာပွဲသည် ထင်မှတ်ထားသည်ထက်
ပိုမို၍ စည်ကားကာ အောင်မြင်စွာ ပြီးဆုံးသွားသောကြောင့် လူကြီးများအားလုံးရော ဇနီးမောင်နှံ
အလောင်းအလျာစုံတွဲပါ ပျော်ရွှင်ခဲ့ကြသည်။
စေ့စပ်ပွဲအပြီး နောက်ရက်များတွင် ဖေဖေနှင့် မေမေသည် တောင်စွန်းတွင် ရှိသော
ဘုန်တော်ကြီးကျောင်းများ နှင့် ရဟန်းသံဃာတော်များကို သွားရောက်ဖူးမြော်ကြသည်။ ထို့နောက်
ကျုံကမိစု၊ ပေါက်တော၊ ကုန်းတန်းလေး၊ ကုန်ပေါ် အစရှိသော ရွာများမှ မေမေ၏ ဆွေမျိုးများရှိရာသို့
လှည့်လည်ကာ တွေ့ဆုံနှုတ်ဆက်ကြသည်။
ကုန်းပေါ်နှင့် ကုန်တန်းလေး ရွာကြားတွင် ပေါက်တောသုဿန်တည်ရှိသည်။ မေမေ၊
ဖေဖေ နှင့် ကျွန်မတို့၏ အဒေါ်တော်စပ်သူတို့သည် သူတို့၏ အဒေါ်ရှိရာ ကုန်းတန်းလေးမှ
အစ်မရှိရာ ကုန်ပေါ်သို့ ခရီးဆက်လိုသည်။ ပေါက်တော သုဿန်မှ ဖြတ်သွားလျှင် ခရီးမှာတိုသဖြင့်
သူတို့သည် ဝေးကွာ ရှည်လျားသော အခြားလမ်းကို မရွေးတော့ဘဲ သုဿန်ထဲမှဖြတ်၍ ကုန်ပေါ်သို့
ခရီးဆက်ကြသည်။