Showing posts with label ဝတ္ထုရှည်. Show all posts
Showing posts with label ဝတ္ထုရှည်. Show all posts

Thursday, 24 January 2013

မြစ်တစ်စင်း၏ စာမျက်နှာများ



မြစ်တစ်စင်း၏ စာမျက်နှာများ


ANADA VILLA  (အနန္တ ဗီလာ)


နံနက် ၁၀ နာရီ အချိန်၏ နေရောင်သည် စူးရဲမှု နည်းပါးနေသည်။ တိမ်ရိပ်ခိုနေသော နေ သည် သူ၏ စူးရှမှုကို သိုဝှက်ကာ အပူရှိန်လျော့နည်းသော အလင်းရောင်တန်းများကိုသာ ဖြန့်ခင်းထားသည်။


ဗီလာထဲကို ကားချိုးဝင်လာသည်အထိ သူ၏စိတ်မှာ မသေချာမှုနှင့် မရေရာမှုများ တွဲဆက်လျက်ပင် ရှိနေသေးသည်။ ဤနေရာ ဤဒေသကို သူမရောက်ဖြစ်တာ အချိန်တော်တော်ကြာပြီမှန်း သူသေသေချာချာလည်း သိနေသေးသည်။ ယခင် တချိန်တုန်းကတော့ ဒီနေရာလေးကို သူကိုယ်တိုင် နှစ်သက်သည့်စိတ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်ပင် ကျောခိုင်းခဲ့သည့် နေရာလည်း ဖြစ်သည်။ လမ်းဘေးတစ်ချက်စီတွင် ကျောက်တုံးများအစီအရီ စီတန်းကာ ဘောင်ခတ်ထားပြီး အုန်းထန်းပင်များကို ဝဲ၊ယာ တစ်ဖက်စီတွင် အတန်းလိုက် စိုက်ထားသဖြင့် ဤလမ်းလေးထဲသို့ ဝင်စမှာပင် အေးချမ်းမှုကို ရရှိခဲ့သည်။


လုံးချင်း တစ်ထပ်တိုက်ပြားလေးများကို ခပ်ခွါခွါ ဆောက်ထားသော ထို ဗီလာထဲတွင် အိမ်ခြေ များများစားစား သိပ်မရှိပါ။ အိမ်ပတ်လည်တွင် မြေနေရာအပိုများပါရှိပြီး သစ်ပင်ပန်းပင်စိုက်ရန် ဝါသနာပါပါက စိုက်ပျိုးနိုင်သော အနေအထားမျိုးဖြစ်သည်။


“အိမ်အမှတ် ၁၈”

Tuesday, 17 January 2012

စိတ်အကျဉ်းသား (စ-ဆုံး)



စိတ်အကျဉ်းသား


မဲမှောင်နက်ရှနေတဲ့အခန်းထဲကိုဝေးဝေးကအလင်းစလေးတစ်စ၀င်လာတယ်..ကြည့်နေရင်းမှာပဲအလင်းစကလေးဟာတစ်စတစ်စထင်ရှားလာခဲ့တယ်..တောက်ပတဲ့ငွေဖြူရောင်အလင်းတန်းကိုငေးကြည့်နေစဉ်မှာပဲအဲဒီအလင်းရောင်ထဲမှာပြုံးရယ်နေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်တယ်..ပြုံးရယ်နေတဲ့မျက်နှာဟာဟိုးလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလိုပဲလှပဆဲ..ကျက်သရေရှိဆဲပဲ..“မြရည်..”လို့ခပ်တိုးတိုးခေါ်ကြည့်တော့ကွေးညွတ်တဲ့နှုတ်ခမ်းတွေနဲ့နီးသထက်နီးအောင်သူမလျောက်လာခဲ့တယ်...ကြည့်နေစဉ်မှာပဲပြုံးနေတဲ့သူမမျက်နှာဟာတဖြည်းဖြည်းနဲ့လေသွင်းထားတဲ့ဘောလုံးတစ်လုံးလိုဖောင်းကားတာတယ်..ပြီးတော့…“ဖောင်း”ကနည်းမြည်သံတိုးတိုးနဲ့အတူသူမရဲ့မျက်နှာအပိုင်းပိုင်းအစစကွဲထွက်ပြီးအပိုင်းအစအချို့ကလက်မှာလာကပ်နေခဲ့တယ်..ရွံရှာစိတ်နဲ့အဲဒီအပိုင်းအစတွေကိုကြည့်ရင်းရင်ထဲမှာအော်ဂလီဆန်လာတယ်..
“အား…………………..”

Sunday, 4 September 2011

အပြာရောင်တောင်တန်းများသို့ .. လွမ်းချင်း




၁။
ဇူလိုင်လရဲ့ ဒုတိယအပတ်အကျော်မှာ ရာသီဥတုဟာ တဖြည်းဖြည်း နွေးစပြုလာခဲ့တယ်၊ လေအေးအေးတွေ မတိုက်တော့သလို နေရောင်ခြည်တွေလည်း ပိုနွေးလာခဲ့တယ်၊ မှန်ပြူတင်းကနေ တစ်ဆင့် လှမ်းမြင်ရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနှင့် ဟိုးဝေးဝေးနားက သစ်တောမှိုင်းမှိုင်းတွေ ၊ တစ်စုံတစ်ဦးရဲ့ ချစ်မြတ်နိုးခြင်းကို ကာလအတန်ကြာ ခံခဲ့ရတဲ့ အနက်ရောင်နှင်းဆီပန်းပင်တွေ၊ ပြီးတော့ ဒီတောင်ကုန်းအမြင့်လေးပေါ်မှာ တည်ရှိနေတဲ့ မှန်ပြူတင်းပေါက်တွေ ပတ်ပတ်လည်ရှိတဲ့ Cottage အိမ်ကလေး၊ မြက်ခင်းပြင်နဲ့ တောအုပ်ကလေးကို လှမ်းမြင်ရတဲ့ ပြူတင်းပေါက်နောက်ကွယ်မှာ ရှိနေတဲ့ ထိုင်ခုံနှစ်လုံးနဲ့ စားပွဲငယ်ကလေးတစ်လုံး၊ အရာရာဟာ ဝေေ၀ ၀ါးဝါးနဲ့ ပျောက်ကွယ်သွားရတော့မှာလား၊  တကယ်တော့ ဒါတွေအားလုံး အိပ်မက်မဟုတ်ခဲ့တာ မင်းလည်းအသိ၊ ကိုယ်လည်းအသိပါ မြတ်မင်းဧရာ ..၊