Showing posts with label ရွာမှ အူလည်လည်များ. Show all posts
Showing posts with label ရွာမှ အူလည်လည်များ. Show all posts

Tuesday, 29 May 2012

လူလည်မလုပ်နဲ့အေ့






တစ်နေ့သ၌ ရန်ကုန်မြို့သို့ တစ်ခေါက်တစ်ခါမျှ မရောက်ဖူးသော ပေါက်တောရွာကလေးမှ အမေကြည်သည် တူမများကောင်းမှုဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။

သူမသည် သူမ၏ရွာတွင်စည်းစိမ်ဥစ္စာအတန်ရှိပြီး သြဇာလည်းရှိသော အမယ်ကြီးဖြစ်သည်နှင့်အညီ ဟိတ်ဟန်လည်း ထားတတ်ပေသေးသည်။ 

ရန်ကုန်သို့ရောက်သော် ကန်တော်ကလေးပိုင်းတွင် နေထိုင်သော တူမဝမ်းကွဲတစ်ဦး၏ နေအိမ်တွင် တည်းခိုရန် အတူလာကြသော တူမများကခေါ်ဆောင်ခဲ့သည်။ ဘူတာကြီးမှထွက်ကတည်းကပင် သူမသည် ရှုပ်ယှက်ခတ်နေသော ဆိုက်ကားများ၊ ကားများကိုကြည့်ရင်း ရန်ကုန်သည် ဆိုက်ကားတွေ ကားတွေရှုပ်သကဲ့သို့ လူရှုပ်လူပွေတွေလည်း အလွန်ရှိဟန်တူသည်ဟု တဖွဖွ ပြောလာသည်။ သူမ၏တူမများကတော့ သူမဘာပြေပြော ပြုံးပြီးသာနေကြသည်။

တည်းခိုရန်ရည်ရွယ်ထားသောကန်တော်ကလေးအိမ်သို့ ရောက်သောအခါ အိမ်ရှင်ဖြစ်သူ တူမဝမ်းကွဲက ရေနွေးကြမ်း၊ လက်ဖက်ရည်၊ မုန့်အချို၊ လက်ဖက် တို့နှင့်ဧည့်ခံပြီး ညနေစာ အတွက်ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။ ထိုအခါ အမေကြည် က ညနေစာကို မချက်ရန်ပြောကြားပြီး ညနေစာကို လမ်းထိပ်ရှိ ဆိုင်တွင် စားမည်ဖြစ်ကြောင်း ပြောလေသည်။

ရှေးဟောင်းနှောင်းဖြစ်များပြောပြီ ခေတ္တ ခဏ နားပြီးနောက် ရေမိုးချိုးပြီးသော် ညနေစောင်းပိုင်းသို့ ရောက်ရှိလာသည်။ ထို့နောက်တူမများနှုင့်အတူ အမေကြည်သည် လမ်းထိပ်ရှိ စားစရာ အစုံရောင်းချသော လက်ဖက်ရည်ဆိုင်သို့ရောက်သော် စားပွဲထိုးကောင်လေးကိုခေါ်လိုက်သည်။

“ညနေစာစားဖို့ ဘာတွေရသလဲကွယ့်”

ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ကတ်ကြေးကိုက်၊ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ကီးမားပလာတာ၊ ………”  စားပွဲထိုးကောင်လေး၏စကားသံအဆုံးတူမများကို စားချင်ရာ မှာခိုင်းရင်း သူကိုယ်တိုင်လည်း စားချင်သည့် အမယ်ကို မှာလိုက်သည်။

များမကြာမီ အငွေ့တစ်ထောင်းထောင်းထနေသော စားသောက်ဖွယ်ရာများ စားပွဲပေါ်သို့ လာချပေးသည်။ သူမ၏ရှေ့တွင် လာချပေးသော စားဖွယ်ရာကိုကြည့်ရင်း သူမစိတ်တွေတိုသွားသည်။ ထို့နောက် စာပွဲထိုးကလေးကိုလှမ်းခေါ်လိုက်သည်။ ရောက်လာသောအခါ

“ဟဲ့ကလေး.. ကျုပ်မှာတာ ကြေးအိုးလေ၊ မောင်ရင်လေး လာပေးတာမှားနေတယ်”

“ဟာ အဖွား.. ဒါ ကြေးအိုးလေ..”

ဘာကွယ့်.. ကျုပ်ကို ရန်ကုန်ခုမှ ရောက်ဖူးတဲ့ သူထင်လို့ လား.. အံခွနေပြီကွယ့်၊ ကြေးအိုးမှာတာ ကြေးအိုးပဲပေး၊ ကျုပ်ကို လူလည်လာမလုပ်နဲ့အေ့ ..”

စားပွဲထိုးကလေးလည်း ဘာပြောလို့ပြောရမှန်မသိပဲ ခေါင်းကိုသာတွင်တွင်ကုတ်နေ၏။ အမေကြည်ကလည်း ကြေးအိုးကိုသာ လဲပေးရန် အတန်တန်ပြောနေသည်။ ထိုအခါ မင်သက်နေကြသောတူမများလည်း ထိုအခါမှ အမေကြည် ဘာကိုဆိုလိုချင်မှန်း သဘောပေါက်သွားကြသည်။ ထို့နောက် အမေကြည့်နားသို့ တိုးကပ်ကာတီးတိုးပြောလိုက်သည်။

“အမေကြည်.. ကြေးအိုးက ဒါပဲလေ။ ကြေးအိုးနဲ့ထည့်ထားတာမဟုတ်ဘူးလေ။ ကြွေပန်းကန်နဲ့ပဲ ထည့်ထားတာ။ ဒီဟာကို ကြေးအိုးလို့ခေါ်တာလေ..”

“ညည်တို့ရန်ကုန်က လူတွေများ ကွန့်ကိုကွန့်တယ်။ ကြွေပန်းကန်နဲ့ထည့်ပြီး ကြေးအိုးခေါ်ရတယ်လို့..” ဟု အရှက်ပြေပြောပြီး ရှေ့တွင်ရှိသောကြေးအိုးကို ခပ်မြန်မြန် ဆွဲယူစားလိုက်လေသည်။


ပျိုးယုဝသုန်
10:51:59 PM
9-05-2012
Tuesday (BNE)


Wednesday, 16 May 2012

တူး အင် ဝမ်း




ကုန်းတန်းကလေးလို့ ခေါ်တဲ့ရွာကလေးမှာပေါ့။


အဲ့ဒီရွာကလေးဟာ ကျုံကမိစု၊ ပေါက်တော အစရှိတဲ့ရွာတွေနဲ့တစ်ဆက်တည်းဖြစ်တဲ့ ရွာတန်းရှည်ကလေးထဲက ရွာလေးတစ်ရွာဖြစ်ပါတယ်..။


ကုန်းတန်းကလေးက အမေကြီးဒေါ်ကြိုင်ဟာ အင်မတန်မှ ခေတ်မီလိုသူလည်းဖြစ်တယ်။ သူမရဲ့ သားသမီးတွေကလည်း မလေးရှားတို့ ဘန်ကောက်တို့ မှာသွားရောက် အလုပ်လုပ်ကိုင်နေကြတယ် ဆိုတော့ သူမကရွာမှ မျက်နှာလည်းပွင့်လှတယ်။ ၀မ်း၊ တူး၊ သရီး အစရှိသည်ကိုလည်း တစ်၊နှစ်၊သုံး စသည်ဖြင့် ရေတွက်တာကို သူမက သိထားပြီးဖြစ်တယ်..။


Tuesday, 8 May 2012

တစ်ချောင်း





မောင်ညီ့လက်ဖက်ရည်ဆိုင်ကလေးသည် ကျုံကမိစုရွာကလေး၏ အ၀င်လမ်းနဘေးတွင် တည်ရှိသည်။ ဆက်ဆံရေးကောင်းမွန်သဖြင့် ဆိုင်ကလေးသည် လူစည်ကားလှသည်။

မနက်ပိုင်းနှင့် ညနေပိုင်းတွင် လာရောက်စားသောက်သူများ အလွန်များရကား ဆိုင်ရှိဝန်ထမ်းများနှင့် မောင်ညီရောသူ၏မိန်းမဖြစ်သူ မအေး ပါမကျန် ဇယ်ဆက်သကဲ့သို့ အလုပ်လုပ်ကြရသည်။

တစ်ရက်တွင် မောင်ညီ၏ယောက္ခထီးဖြစ်သူ ဦးလှ သည်သူ၏သမီးကလေးကို လွန်စွာသတိရသဖြင့် သမီးကို တွေ့ရန်သမီးနှင့် သားမက်ရှိရာ ကျုံကမိစုရွာကလေးသို့ အလည်ရောက်လာသည်။ မအေး၏ဖခင်သည် အလွန်ရိုးလွန်းလှသူဖြစ်ရကား စကားပြောလျှင်လည်း တုတ်ထိုးအိုးပေါက်ပြောတတ်သည်..။