Wednesday 21 December 2011

ဘယ်ကိုသွားမလဲ မောင်ရေခဲ ၊ မောင်ရေခဲကိုဘာလုပ်ခိုင်းမလဲ

ဒီစာစုလေးကိုေ၇းဖို့ကျွန်မအတန်တန်စဉ်းစားခဲ့ပါတယ်..နောက်ဆုံးတော့မနေနိုင်မထိုင်နိုင်နဲ့ပဲရေးဖြစ်ခဲ့ပါတယ်..ခုပြောချင်တာလေးကတော့မြန်မာနိုင်ငံကမိဘတွေသားသမီးတွေကိုနိုင်ငံရပ်ခြားကိုစေလွှတ်ပြီးပညာသင်ကြားစေတဲ့အကြောင်းကလေးပဲဖြစ်ပါတယ်..

၂၀၀၅နဲ့၂၀၁၁ကြားကာလတွေမှာမြန်မာနိုင်ငံကမိဘအများစုဟာမိမိတို့ရဲ့သားသမီးကလေးတွေအခြေခံပညာအထက်တန်းအောင်ပြီးတာနဲ့တိုင်းတပါးနိုင်ငံတစ်ခုခုမှာပညာသင် ကြားစေဖို့ကြိုးစားခဲ့ကြတယ်..အချို့မိဘတွေကပညာရေးဆုံးခန်းတိုင်အောင်ထောက်ပံ့ပေးဖို့အလုံအလောက်ရှိပေမယ့်အချို့မိဘတွေကတော့စွန်းစားပြီးသင်ကြားဖို့စေလွှတ်ခဲ့ပါတယ်..ကလေးတွေအနေနဲ့ကလည်းဘာရယ်မှန်းမယ်မယ်ရရမသိသေးပဲနဲ့နိုင်ငံရပ်ခြားကိုတစ်ဦး တည်းရောက်ရှိလာခဲ့ကြပါတယ်…

ယခုကျွန်မဦးတည်ပြီးပြောချင်တာကတော့ငွေကြေးသိပ်ပြီးမချောင်လည်ပဲမိမိကလေးရှေ့ရေးကောင်းစားဖို့အတွက်စွန်းစားပြီးလွှတ်လိုက်တဲ့မိသားစုတွေထဲကမိဘတွေနဲ့ကလေးတွေကိုပါ..

ရည်၇ွယ်ရာနိုင်ငံကိုရောက်ရှိလာတဲ့အခါမှာလည်းပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကပဲဖြစ်ဖြစ်..နိုင်ငံရပ်ခြားမှာရှိနေတဲ့အသိမိတ်ဆွေတွေကပဲဖြစ်ဖြစ်အပ်ပေးတဲ့ကျောင်းအ ကြောင်း..ဒါမှမဟုတ်ရရှိတဲ့ဘာသာရပ်အကြောင်းကိုသေသေချာချာရေရေရာရာမသိဖြစ်နေတာကိုအများစုမှာတွေ့ရှိ နေရပါတယ်…

ကလေးတွေဟာမိမိရရှိတဲ့ဘာသာရပ်ကိုနားလည်အောင်ထူးချွန်အောင်ကြိုးစားကြတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်..ဒါပေမယ့်ကလေးတွေမှာကြုံတွေရတဲ့ပြဿနာကသူတို့ကိုပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ..အသိမိတ်ဆွေတွေကအပ်ပေးလိုက်တဲ့ဘာသာရပ်တော်တော်များများဟာသူတို့ဘဝရပ်တည်ဖို့အတွက်အထောက်အကူဖြစ်မနေနိုင်ခဲ့တာပါပဲ….ပညာရေးလမ်းတစ်ဝက်ရောက်မှဘယ်ဘာသာရပ်တွေဟာသူတို့ရှေ့ဆက်ရမယ့်ဘဝခရီးကိုအထောက်အကူပြုမယ်..ဘယ်ဘာသာရပ်ကတော့မပြုဘူးဆိုတာကိုသိမြင်လာတဲ့အခါရှေ့ဆက်သွားလို့လည်းအဆင်မပြေ..နောက်ဘာသာရပ်တစ်ခုကိုပြောင်းဖို့လည်းအဆင်မပြေဖြစ်ပြီးစိတ်ဓါတ်အားဖြင့်ထိခိုက်ပင်ပန်းနေခဲ့ကြရပါတယ်..ဒီအတွက်ကလေးတွေမှာအချိန်အားဖြင့်ကုန်ရှုံးခဲသလိုလူအားဖြင့်လည်းပင်ပန်းခဲ့ကြပါတယ်..ဒါ့အပြင်မိဘတွေအနေနဲ့ကလည်းငွေအားရောစိတ်အားပါကုန်ရှုံးခဲ့ရတယ်..

မိဘတွေအနေနဲ့ကလည်းနောက်ထပ်ဘာသာရပ်တစ်ခုကိုအစကနေပြန်သင်ကြားစေဖို့ရာအားမရှိတဲ့အခါမိဘတွေရောသားသမီးကလေးတွေပါစိတ်ဆင်ရဲကိုယ်ဆင်းရဲဖြစ်ကြရတာကိုတွေ့ရှိခဲ့ရတယ်..
ဒါကြောင့်မိဘတွေအနေနဲ့ကလေးတွေကိုနိုင်ငံခြားတိုင်းပြည်မှာပညာသင်ကြးဖို့စေလွှတ်တော့မယ်ဆိုရင်အရင်ဆုံးသူတပါးပြောတာကိုအလွယ်တကူလက်မခံပဲမိမိကိုယ်တိုင်လည်းဘယ်လိုဘာသာရပ်ကိုဖြင့်သင်ကြားလျင်မိမိသားသမီးအတွက်ရေရှည်သင့်လျော်မယ်ဆိုတာကိုလေ့လာသင့်ပါတယ်..နိုင်ငံခြားရောက်ရင်ပြီးရော..ရတဲ့ကျောင်းနဲ့သွားပါစေဆိုပြီးကလေးတွေကိုမလွှတ်သင့်ပါဘူး..မိမိရဲ့ဖြစ်စေချင်..ရောက်စေချင်တဲ့စိတ်ကြောင့်ကလေးတွေရဲ့အချိန်တွေ…အင်အားတွေကိုမကုန်ဆုံးစေသင့်ပါဘူး...ပြီးမှသာသားသမီးကိုပြောပြပြီးရွေးချယ်ထားတဲ့ဘာသာရပ်ကိုသူကိုယ်တိုင်တကယ်လိုက်နိုင်မလိုက်နိုင်မေးမြန်းတိုင်ပင်သင့်ပါတယ်..မြန်မာလူမျိုးမိဘအများစုရဲ့ထုံးစံအတိုင်း“ငါပြောသလိုလုပ်..ငါခိုင်းသလိုလုပ်”ဆိုတဲ့အယူအစွဲတွေကိုလည်းလက်လွှတ်သင့်ပြီးသားသမီးတွေကိုရင်နှီးစွာတိုင်ပင်ဖွင့်ပြောညှိနှိုင်းသင့်ပါတယ်….ပြီတော့ကလေးတွေတင်ပြလာတဲ့အကြောင်းအရာကိုလည်းအလွယ်တကူပယ်မချပဲစိတ်ရှည်ရျည်နားထောင်ပြီးဖြစ်သင့်တာကိုသေချာလမ်းညွှန်ပေးစေချင်ပါတယ်..

ကလေးတွေအနေနဲ့ကလည်းမိမိကိုယ်တိုင်စိတ်ဝင်တစားနဲ့လိုက်နိုင်မယ့်..ကိုယ့်အတွက်လည်းသင့်လျော်မယ့်(ကျောင်းပြီလျင်အလုပ်ရနိုင်မယ့်)ဘာသာရပ်မျိုးကိုဝန်ဆောင်မှုလုပ်ငန်းတွေကိုချည်းအားမကိုပဲသေချာအချိန်ယူလေ့လာသင့်ပါတယ်…မိဘကလွှတ်လို့သွားရတယ်ဆိုတဲ့အဖြစ်မျိုးထက်ကိုယ့်ဘဝရဲ့တက်လမ်းကိုကိုယ်ကိုယ်တိုင်ရှာဖွေမယ်ဆိုတဲ့စိတ်မျိုးနဲ့ပြင်ဆင်သင့်ပါတယ်..မိမိတွေ့ရှိတဲ့စိတ်ဝင်စားတဲ့ဘာသာရပ်အကြောင်းကိုမိဘတွေသိရှိနားလည်အောင်သေသေချာချာရှင်ပြနိုင်အောင်ကြိုးစားသင့်ပါတယ်…

နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကိုယ်တကယ်ကူညီနိုင်မှကူညီသင့်ပါတယ်…စ်တ်ပါလက်ပါကလေးတစ်ယောက်ရဲ့ပညာရေးကိုတတ်သိသလောက်ဆွေးနွေးပြီးဖြစ်နိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမိဘတွေကိုပြောပြသင့်ပါတယ်…ကျောင်းအပ်ပေးဖို့အကူအညီတောင်လို့အပ်ပေးလိုက်တယ်ဆိုတာထက်..ကိုယ့်တိုင်းပြည်ကကလေးတစ်ယောက်မတ်မတ်မားမားဖြစ်စေဖို့အနည်းငယ်တော့ကလေးတွေတက်ရောက်သင်ကြားမယ့်ကျောင်း(သို့မဟုတ်)ဘာသာရပ်အတွက်အချိန်ပေးပြီးကူညီပေးမယ်ဆိုရင်ပိုကောင်းမှာပါ…နိုင်ငံရပ်ခြားမှာနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်အင်တာနက်..ဖုန်း..အစရှိသည်တို့ကိုအချိန်ပိုင်းကလေးအသုံးပြုပေးရုံနဲ့ကျောင်းလာတက်မယ့်ကလေးအတွက်ရွေးချယ်ထားတဲ့ကျောင်း(သို့မဟုတ်)ဘာသာရပ်ဟာကလေးအတွက်အကျိုးရှိနိုင်..မရှိနိုင်ဆိုတာကိုအကြံဥာဏ်ပေးနိုင်မှာဖြစ်ပါတယ်….ဒီလိုမှအကြံဥာဏ်မပေးနိုင်လျင်တော့..ပြီးပြီးရော..မိတ်မပျက်ရုံအပ်ပေးမယ့်အစား..ဒီကိစ္စတွေကိုမကျွမ်းကျင်လို့ကူညီချင်ပေမယ့်မတတ်နိုင်ပါဘူးလို့ငြင်းလိုက်တာဟာကလေးရဲ့ဘဝအတွက်ပိုပြီးအကျိုးရှိစေမှာဖြစ်ပါတယ်..

ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ကလည်းမိမိတို့ရဲ့ရ၇ှိလာမယ့်အကျိုးအမြတ် တစ်ခုတည်းကိုမကြည့်ပဲ…ကိုယ့်နိုင်ငံကကလေးတွေအတွက်အမှန်တကယ်သင့်လျော်မယ့်ကျောင်းမျိုး..ဘာသာရပ်မျိုးကိုသေချာစဉ်းစားပေသင့်ပါတယ်..အချို့နာမည်ကြီးကျောင်းတွေကဘာသာရပ်တွေဟာသူတို့နိုင်ငံသားတွေထဲကဥာဏ်ရည်နိမ့်တဲ့သူတွေအတွက်သီးသန့်သင်ကြားပေးတဲ့ဘာသာရပ်မျိုးတွေရှိနေတယ်ဆိုတာကိုလည်းသိရှိအောင်လေ့လာသင့်ပါတယ်..

ဥာဏ်ရည်နိမ့်သူတွေအတွက်ရည်ရွယ်ထားတဲ့ဘာသာရပ်တွေကိုသွားရောက်သင်ကြားမိတဲ့ကျွန်မတို့ရဲ့ကလေးတွေဟာအများကြားမှာထူးချွန်စွာအောင်မြင်ခဲ့ပေမယ့်လည်းအလုပ်ရရှိဖို့အခွင့်အလမ်းကတော့သူတို့နိုင်ငံသားတွေလိုမရှိပါဘူး..ပြီးတော့ကျောင်းဝင်ကြေးနဲ့ကျောင်းလခကိုသူတို့နိုင်ငံသားတွေထက်အဆပေါင်းများစွာပိုပေးပြီးတက်ကြရတဲ့ကျွန်မတို့ကလေးတွေဟာကျောင်းပြီးတဲ့အချိန်မှာအောင်လက်မှတ်တစ်ခုကလွဲလို့သူတို့ကြိုးစားမှုအတွက်ဘယ်လိုအကျိုးအမြတ်တစ်ခုကမှစောင့်မနေခဲ့တာကိုသိရှိဖို့လေ့လာစုံစမ်းသင့်ပါတယ်…နေထိုင်ခွင့်လည်းမရ..အလုပ်လည်းမရတဲ့ကျွန်မတို့ရဲ့ကလေးတွေဟာသတ်မှတ်ထားတဲ့ပြည် ၀င်ခွင့်ကုန်ဆုံးတာနဲ့ရရှိခဲ့တဲ့အောင်လက်မှတ်ကလေးပိုက်ပြီးပြန်လာရတာဟာကျွန်မတို့ကလေးတွေအတွက်အမှန်တကယ်ကိုနစ်နာလှပါတယ်…

သင်ကြားတတ်မြောက်လာခဲ့တဲ့ပညာရပ်ဟာမိမိတိုင်ပြည်မှာအံဝင်ခွင်ကျဖြစ်နေခဲ့ရင်တော့အဆင်ပြေပါရဲ့..အဆင်မပြေရင်တော့နိုင်ငံခြားကပညာသင်လာပြီးမိဘလုပ်စာကိုထိုင်စားနေရမယ်ဆိုရင်ကလေးတွေအတွက်အနည်းနဲ့အများစိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါတယ်..ထို့အတူပဲ…မိဘတွေအတွက်ကလည်းခြစ်ခြုတ်စုဆောင်းထားတာလေးနဲ့သင်ကြားပေးလိုက်တဲ့ပညာရပ်ဟာမိမိတို့ကလေးအတွက်တပ်စရာအမြီးတစ်ခုအဖြစ်သာအသုံးဝင်မယ်ဆိုရင်..ရင်းနှီးခဲ့ရတဲ့ငွေကြေး..မိမိနဲ့မိမိကလေးတို့ရဲ့..အချိန်နဲ့စိတ်ပင်ပန်းမှုဟာဘယ်အရာနဲ့မှအစားပြန်သွင်းလို့မရနိုင်ပါဘူး…

ဒါကြောင့်မိဘတွေရောကလေးတွေပါအစမှာဘာမှမစရသေးခင်လှပတဲ့အနာဂတ်လမ်းအတွက်လျောက်ခွင့်ရမယ့်ခြေလှမ်းတွေကိုပိုင်ဆိုင်ကြစေဖို့ကြိုတင်ပြင်ဆင်မှုအနေနဲ့အရင်ဆုံးလေ့လာကြစေချင်ပါတယ်…


ပျိုးယုဝသုန်
05-07-02PM
18-12-2011
Sunday(BNE)

No comments: