ဆက်ရက် ဆက်ရက် တကြော်ကြော်
အပင်ထက်မှာအော် …
ဘာလို့အော်တယ် ကိုဆက်ရက်
ပြောပြပေးပါကွယ့် …
မိုးစဲပါလို့ နေခြည်ဖြာ
သိလို့အော်တာပါ …
ရာသီအကြောင်းကို ကြိုကာတွက်
က၀ိ ကှိုဆက်ရက် …
ပုရွက်ငယ်တို့ အိမ်ယာချီ
အိမ်ပေါ်သွားနေသည် …
ဘာလို့ချီသည် ကိုပုရွက်
ပြောပြပေးပါကွယ့် …
မိုးများပါလို့ ရေ၀င်မည်
ကြိုတင်သိပါသည် ..
သည်မိုးသည်ရေ လုံစေဖို့
အိမ်ယာ ရွှေ့တယ်ဗျို့ …
သဘာဝမို့ သိနားလည်
အံ့သြ မှတ်စဖွယ် …
ဥတုအကြောင်းရယ် ကြိုသိထား
တိရိစ္ဆာန်လေးများ ….
ပျိုးယုဝသုန်
11:57:17 AM
24-12-2011
Saturday (BNE)
No comments:
Post a Comment