လက်အုပ်ကလေး
ရင်မှာချီ
ဘုရားကန်တော့မည်..၊
မေမေသည်မှာ
တိုင်လို့ပေး
လိုက်ဆိုပါ့မယ်လေး…။
ယဉ်ယဉ်ကျေးတဲ့
သမီးငယ်
မိဘဂုဏ်ရောင်ထည်..၊
နှုတ်ရေးချိုတယ်
မျက်နှာလေး
အမြဲ ကြည်လင်အေး...၊
အမြဲ ကြည်လင်အေး...၊
မေ့ ရင်နှစ်ကလေး...။
ပျိုးယုဝသုန်
1:20:24 PM
06-10-2012
Saturday (BNE)
4 comments:
ခေါင်းစဉ်နဲ့ ကဗျာ တထပ်တည်းပါပဲ
တကယ်ကိုကောင်းတဲ့ကဗျာလေးပေါ့
ချစ်တဲ့ jasmine
နူးညံ့လိုက်တာဗျာ.မ..
မရေးရင် အဲလိုအမြဲနူးညံ့နေတာ ဘာကြောင့်လဲ
အပြင်မှာ မြင်ဖူးချင်တယ်
တော်တော်ကို ကြင်နာတတ်မယ်ထင်တယ်နော်...
ကာရန်လေးတွေ ထိမိနေတာဘဲ... လိမ္မာယဉ်ကျေးတဲ့ ချစ်စရာ သမီးလေး တစ်ယောက်ကို ကဗျာထဲမှာ တွေ့ လိုက်ရတယ်...
တော်ပါပေရဲ့
ဘာသာရေးအသိဥာဏ်လေးတွေရိုက်သွင်းတတ်လို့လေ
Post a Comment