မနက်ရဲ့လေပြည်
နေခြည်တို့ နွေးနွေး
မြူခိုးဝေပိုက်ကာထွေးတယ်
နွေဦးရဲ့တေး..။
စိန်ပန်းပြာ ပင်ခြေရင်း
နတ်ခင်းတဲ့ကမ္ဗလာ
ကောင်းကင်မှာ တိမ်စင်ကင်းလို့
လင်းလက် တောက်ဖြာ..။
လွမ်းဖွယ်ရာ
ကြင်သက်လျာ ရှာသလော
နွေဦးမှာ အလည်ရောက်လာတဲ့
ငှက်ရွှေဥသြ…။
ပျိုးယုဝသုန်
05:05:00 AM
08-10-2012
Monday (BNE)
12 comments:
နွေဦးရဲ့သင်္ကေတတွေဖော်ကျူးသွားတဲ့
ကဗျာလေးအားပေးသွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရာသီတွေအတွက်ဖော်ကျူးထားတဲ့ကဗျာလေး
အားပေးဖတ်ရှုသွားပါတယ်
မမ၀သုန်ရေ
ပျော်ရွှင်ချမ်းမြေ့ပါစေနော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ချစ်စရာ့ နွေဦးကဗျာလေး...း)
နွေဦး မဟုတ်ပေမယ့်လဲ
နွေဦးရာသီကိုမျက်စိထဲမြင်လိုက်ရတယ်
ချစ်တဲ့ jasmine
နွေဦးကဗျာတဲ့
ကဗျာကောင်းလိုက်တာ
ခံစားအားပေးသွားပါတယ်
ကဗျာလေးက ချစ်စရာကောင်းတယ်
ကဗျာလေးက ချစ်စရာလေး..လှလဲလှတယ်မရေ..
ရင်ထဲမှာ နွေးထွေးပြီး နူးညံ့သွားတာပဲနော်....
ခင်မင်နေတဲ့...မိုးနတ်
သိပ်ကောင်းတဲ့ ရာသီဖွဲ့ကဗျာလေး ဖတ်သွားပါတယ်..မ၀သုန်...
(စိန်ပန်းမှား-နှစ်လုံးပေါက်ကျန်နေတယ်လေ မ၀သုန်)
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ပြင်ပြီးသွားပါပြီ ဘုရား.. ကျေးဇူးတင်ပါတယ်ဘုရာ့
မတွေ့တာကြာတော့လဲ လွမ်းမိတယ် တကယ်ပါ
ရင်ထဲကစကားနော်
c-box မတွေ့လို့ဒီကနေပြန်လာရေးရတယ်
ချစ်တဲ့ jasmine
kisssssssssssssss
နွေကန္တာဦး မဟုတ်ပေမဲ့..
လေပြန်သာ မြူးတာမို့..
အော်.. ချစ်ရေ..
နင် ပြန်လာဦး.. လို့ ပြောချင်ပါ့..
ဗမာပြည်ကို မြန်မြန် ပြန်လာချေ..
ကောင်းလိုက်တဲ့ကဗျာ အားပေးပါတယ်
Post a Comment