အဆိပ်တက်လို့
အိပ်ပျက်ခဲ့တဲ့
အရိပ်မဲ့နေ့ညရှည်ခဲ့ပြီ…
အလွမ်းရက်ဆက်
ပန်းတစ်ခက်လည်း
နွမ်းလျက်မောပန်း နေခဲ့ပြီ...
ကန္တာလမ်းကြမ်း
ငါဖြတ်သန်းခဲ့
ရေချမ်းတစ်စက်လိုခဲ့ပြီ…
အရိပ်အယောင်
ဤမိုးမှောင်လည်း
ရွာဟန်ဆောင်လို့ ပြေးခဲ့ပြီ…
လမ်းပန်းမသာ
ငါ့ကမ္ဘာ
ထွက်ခွါသူသာများခဲ့ပြီ…
ငါလည်းတစ်နေ့
ကျောခိုင်းရွေ့မယ့်
နေ့ရက်တွေလည်း နီးခဲ့ပြီ…
နှုတ်ဆက်စကား
ငါပြောသွားလည်း
နာကြားသူကမဲ့ခဲ့ပြီ…
ပျိုးယုဝသုန်
7:34:36 PM
29-04-2012
Sunday (BNE)
6 comments:
နှုတ်ဆက်စကားငါပြောသွားလည်းနာကြားသူကမဲ့ခဲ့ပြီ…----
နုတ်ဆက်စကား မကြားလိုပါနော်
နှုတ်ဆက်မဲ့စကားဆိုရင် အတန်းထဲကဆရာမစာသင်ပြီး
ထွက်သွားတဲ့အချိန်ပဲ ပြောချင်ပါရဲ့
မမ၀သုန်ကဗျာလေးတွေက ဘယ်ချိန်ဖတ်ဖတ်ကောင်းနေတာပဲ
ကဗျာလေးတွေကနူးနူးညံ့ညံ့လေးတွေခံစားရတာ
မိုးသူရဲ့ စိတ်ကိုပါ နူးညံ့စေပါတယ်
ကျေးဇူးပါ မမ၀သုန်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီကဗျာလေးကို ကြိုက်တယ်..
ကဗျာချိုလက်
ရင်နှင့်စပ်၍
ပင့်သက်ကဲဖြာ
မျှော်နေရှာသူ
ဆောင်ယူနေခြည်
နွေးစေရည်၏.....။
Post a Comment