Wednesday 13 July 2011

ငုနှင့်ပိတောက်

ပိတောက်နှင့်ငု
နှိုင်းယှဉ်တုလို့
မှာတမ်းပြုခွင့်ပေးလိုက်ပါ ..
ရနံ့အဆင်း
ကြိုင်ထုံသင်းသည့်
ပန်းမင်းပိတောက်
ပွင့်ချိန်ရောက်မူ
ခူးယူမြတ်နိုး
အတ္တဆိုးလို့
ကိုင်းကျိုးမြေခ
ကြွေရသည် ..
ငုကားအဆင်း
ဝါရွှေလင်းလည်း
သင်းထုံကြိုင်ခြင်း
ရနံ့ကင်းမို့
ညှို့ခြင်းရှိန်ဝါ
နည်းလှပါသည်
ပင်ထက်တင့်ဆန်းနေရသည် ..
ပိတောက်ရယ်လေ
ဆန္ဒခြွေသည်
ဖြစ်ရာဘဝ
ဖြစ်လာသမျှ
ပိတောက်ဝါ ဖြစ်ခြင်းမှ ဝေးရစေ .... 

ပျိုးယုဝသုန် 

No comments: