အလိုမပြည့်တာမို့
စိတ်အတွေးယူဇနာနဲ့
နောင်ကမ္ဘာတစ်ဖက်ခြမ်းကိုမှ
လှမ်းမယ်လား .. မောင် ..
ထွေမပြားပါနဲ့
ခရီးတာဒီမှာဆုံးပါဘု
မနီးသာ ပန်းတိုင်ရပ်ဆီသို့
သွက်သွက်တို့လှမ်းရအောင်
ကြမ်းလေမယ့် ဒီလမ်း ..
ဆက်မလှမ်းလိုလို့
လက်ကမ်းကို အသာဖြုတ်မှာလား
စိတ်ကမ္ဘာ တွေးခြောက်ခြားပါရဲ့
ခရီးဖော် ဖေးကူမလှည့်ကွယ်
မောရသူ သို့ ...
ပျိုးယုဝသုန်
No comments:
Post a Comment