Saturday 26 March 2016

အတွင်းရန်


တရှိုက် ရှိုက်တုန်
လှိုက်လှိုက်ခုန်လို့
ခိုက်ဟုန်ဒေါသ
မာန်မာနများ
ငါ့အားတွန်းကန်
စိတ်တွင်းရန်ကို
ဖန်ဖန် ဖန်တီး
ရိုက်သံဟီးထင်
ပဲ့တင်ထပ်ထပ်
ကြောင်း မရပ်
နောက်ထပ် တွန်းပို့နေသည်ကိုး..


အဆုံးမဲ့ကင်း
သိခြင်း တွင်းတိမ်
ဥာဏ်ရောင်မှိန်လို့
ထိန်ထိန်တောက်ငြီး
ထို မီးကျည်းကား
မှားမှား မှန် မှန်
ငါ့ကိုပြန်သည်
ယုံကြည်သတိ
ငါ့ မရှိ စဉ်
တိုးဝင် ထိုးဖောက်
စိတ်ကို ရောက်
နှလုံး နောက်ကျိစေသည်ကိုး။

ရှောင်လည်းမသာ
စိတ်ဒဏ်ရာက
ပမာ ရွယ်လေး
ရွေး နှယ်သေးလည်း
ခက်ခဲ ပယ်ဖျောက်
မထိရောက်နိုင်
ခိုင်ခိုင်စွဲထင်
ငါ့ ကိုငင်လျက်
ထိုအမျက်တော
လှိုက်လှိုက်မောသည်
ဒေါသ လောင်မီး ကျွမ်းပြီကိုး.။

မမဝသုန်

၂၅-၀၃-၂၀၁၆

1 comment:

Aunty Tint said...

အတွင်းရန်က တင်တဲ့နေ့မှာ ဖတ်သွားပြီးသား ၀သုန်ရေ ...
ကွန်မန့်ကတစ်ကျော့ပြန်လာရေးတာ :P
စနိုးလေးရဲ့ စာအုပ်သစ်မိတ်ဆက်ပွဲမှာ ၀သုန်ကိုမြင်တော့မောင်သက်တန့်ကိုသတိယသား၊
တီတင့်တို့သုံးယောက် ဆုံဖြစ်ခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲတစ်ခုမှာ ၀သုန်နဲ့သက်တန့်တို့ တီတင့်ရဲ့ ဘလော့စာအုပ်မှာ အမှတ်တရရေးပေးခဲ့တာ။