တကယ်တော့ သူဟာ ကိုယ်မရေးတဲ့ ကဗျာတစ်ပုဒ်
သိပ်သည်းတဲ့ အနက်နဲ့လည်း ပြည့်စုံတယ်။
လှပတဲ့ ဖွဲ့စည်းမှုလည်းရှိတယ်။
နူးညံ့တဲ့ အသံလည်းပါတယ်။
သွယ်ဝိုက်တဲ့ ရည်ညွှန်းရာ တွေနဲ့ ..ပေါ့..။
တကယ်တော့ သူဟာ ကိုယ်မဆွဲတဲ့ ပန်ချီကားတစ်ချပ်
လှို့ဝှက်တဲ့ အဓိပ္ဗါယ်နဲ့ ပြည့်စုံတယ်
တောက်ပတဲ့အရောင်တွေနဲ့ ဖွဲ့စည်းတယ်
ပြည့်ဝတဲ့ စကားတွေလည်း ပါတယ်
ခံ့ငြားနဲ့ ဘောင်ခတ်ခြင်းတွေနဲ့ပေါ့..။
တကယ်တော့သူဟာ ကိုယ်မစပ်တဲ့ ကော့တေးလ် တစ်ခွက်
ရီဝေတဲ့ အသိကိုပေးတယ်
ချိုမြတဲ့ ရသကို ဝှက်ထားတယ်
ဂန္ဓဝင်ဆန်တဲ့ လှပခြင်းနဲ့ ညှို့ယူတယ်
နောက်ဆုံးတော့
အကြိမ်ကြိမ် ပြိုလဲရင်း ………။
မမဝသုန်
၂၀၁၄/ စက်တင်ဘာ
4 comments:
ပဟေဠိဆန်လှတဲ့ ပဟေဠိကဗျာလေးကို ပဟေဠိပေါင်းများစွာနဲ့ ဖတ်သွားပါတယ်။း)
ပဟေဠိများနဲ့ ဖတ်သွားတယ် ၀သုန်ရေ... အခုလို ၀သုန်ပို့စ်လေးတွေ မကြာခဏပြန်ဖတ်ရလို့ ၀မ်းသာတယ်။ မဆုံတာကြာပေါ့နော် ...
:) ပဟေဠိဆန်တန်ပြုံးသွား
နားမလည်တော့ ပဟေဠိ များနဲ့ခေါင်းကုတ်သွား
Post a Comment