ကြောက်တတ်သူ
************
သူမသည် Psychosis တစ်ယောက်သာ ဖြစ်သည်။
ထို့အပြင် သူမသည် အကြောက်လွန်ရောဂါများ၏ သားကောင်တစ်ယောက်လည်းဖြစ်သည်။
သူမသည် အမြင့်ကို ကြောက်သည်။
သူမသည် အမှောင်ကိုကြောက်သည်။
သူမသည် အထိအတွေ့ တို့ကိုကြောက်သည်။
သူမသည် အလုံပိတ်အခန်းများကို ကြောက်သည်။
သူမသည် လိင်မှုကိစ္စကို ကြောက်သည်။
သူမသည် သွေးကို ကြောက်သည်။
သူမသည် အရေပြားပေါ်မှ အဖုအပိန့် နှင့် ချိုင့်ခွက်များကို ကြောက်သည်။
သူမသည် အသံစူးစူး များကို ကြောက်သည်။
သူမသည် ညစ်ပေခြင်းများကိုကြောက်သဖြင့် လက်ခဏခဏဆေးသူ ဖြစ်သည်။
သူမ၏ ကြောက်ရွံ့မှုများကို ချစ်ခြင်းဖြင့် ကုစားမည်ဆိုသူလည်းရှိသည်။ စိတ္တဗေဒ အားဖြင့် ကုစားမည်ဆိုသူလည်း ရှိ၏။ အမိန့်အာဏာပြန်၍ ကုစားမည် ဆိုသူလည်းရှိ၏။ ဂီတဖြင့် ကုစားမည် ဆိုသူလည်းရှိ၏။ မွှေးရနံ့များဖြင့် ကုစားမည်ဆိုသူလည်းရှိ၏။
ထိုထိုသော ကုစားပေးမည်ဆိုသည့် ယောက်ျားဒွေ၊ မိန်းမဒွေတို့သည် နောက်ဆုံးတွင် သူမအား နည်းမျိုးစုံဖြင့် ပြစ်တင်ပြောဆိုကာ ကျောခိုင်းထွက်ခွါသွားကြသည်။
ဤသို့ဖြင့် သူမသည် ကြောက်ရွံ့မှုများကို စွဲကိုင်ရင်း အသက်အရွယ်တို့ ရင့်သည်ထက် ရင့်လာ၏။
တစ်နေ့တွင် သူမသည် ကြောက်ရွံ့မှုတစ်ခုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရင်း ဤကမ္ဘာလောကကြီး မှ ကျောခိုင်း ထွက်ခွါသွားခဲ့သည်။
သူမသည် တစ်ဦးတစ်ယောက်တည်း နေရခြင်းကိုလည်း ကြောက်ရွံ့သူ ဖြစ်သည်လေ။
ပျိုးယုဝသုန်
05-12-2013
Thursday (YGN)
************
သူမသည် Psychosis တစ်ယောက်သာ ဖြစ်သည်။
ထို့အပြင် သူမသည် အကြောက်လွန်ရောဂါများ၏ သားကောင်တစ်ယောက်လည်းဖြစ်သည်။
သူမသည် အမြင့်ကို ကြောက်သည်။
သူမသည် အမှောင်ကိုကြောက်သည်။
သူမသည် အထိအတွေ့ တို့ကိုကြောက်သည်။
သူမသည် အလုံပိတ်အခန်းများကို ကြောက်သည်။
သူမသည် လိင်မှုကိစ္စကို ကြောက်သည်။
သူမသည် သွေးကို ကြောက်သည်။
သူမသည် အရေပြားပေါ်မှ အဖုအပိန့် နှင့် ချိုင့်ခွက်များကို ကြောက်သည်။
သူမသည် အသံစူးစူး များကို ကြောက်သည်။
သူမသည် ညစ်ပေခြင်းများကိုကြောက်သဖြင့်
သူမ၏ ကြောက်ရွံ့မှုများကို ချစ်ခြင်းဖြင့် ကုစားမည်ဆိုသူလည်းရှိသည်။ စိတ္တဗေဒ အားဖြင့် ကုစားမည်ဆိုသူလည်း ရှိ၏။ အမိန့်အာဏာပြန်၍ ကုစားမည် ဆိုသူလည်းရှိ၏။ ဂီတဖြင့် ကုစားမည် ဆိုသူလည်းရှိ၏။ မွှေးရနံ့များဖြင့် ကုစားမည်ဆိုသူလည်းရှိ၏။
ထိုထိုသော ကုစားပေးမည်ဆိုသည့် ယောက်ျားဒွေ၊ မိန်းမဒွေတို့သည် နောက်ဆုံးတွင် သူမအား နည်းမျိုးစုံဖြင့် ပြစ်တင်ပြောဆိုကာ ကျောခိုင်းထွက်ခွါသွားကြသည်။
ဤသို့ဖြင့် သူမသည် ကြောက်ရွံ့မှုများကို စွဲကိုင်ရင်း အသက်အရွယ်တို့ ရင့်သည်ထက် ရင့်လာ၏။
တစ်နေ့တွင် သူမသည် ကြောက်ရွံ့မှုတစ်ခုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရင်း ဤကမ္ဘာလောကကြီး မှ ကျောခိုင်း ထွက်ခွါသွားခဲ့သည်။
သူမသည် တစ်ဦးတစ်ယောက်တည်း နေရခြင်းကိုလည်း ကြောက်ရွံ့သူ ဖြစ်သည်လေ။
ပျိုးယုဝသုန်
05-12-2013
Thursday (YGN)
2 comments:
ဟိုတစ်ခေါက်က ဒီမှာ မြတ်ပေးခဲ့တဲ့ ကော်မန့်လေးကို မတွေ့ဘူး ဝသုန်။ အဲဒီတုန်းက Published ဖြစ်မသွားခဲ့တာများလား။
ကြောက်တတ်သူနဲ့ မြတ်နဲ့ ခံစားချက်တွေတူတယ်။ ကြောက်တတ်သူကို ထပ်တူ ကိုယ်ချင်းစာလို့ ရနေပါတယ်။
ချစ်တဲ့
မြတ်
သိပ်ကိုဖတ်ရတာ အားကောင်းပါတရ် ..
Post a Comment