ကြယ်မင်းကစုံ
မီးကမှုန်
အိပ်ပါလူလေး သားရွှေသွေး
အိုး အေ အေး .. အိုး အေ အေး..။
မိုးပေါက်ကညံ
ဖားတို့အသံ
အုံးအွမ်မြည်ကြွေး အိပ်ပါလေး
အိုး အေ အေး .. အိုး အေ အေး..။
လျပ်စီးပြက်ပြန်
မိုးခြိမ်းညံ
မေ့ရင်ခွင်ထွေး သိပ်မယ်လေး
အိုး အေ အေး .. အိုး အေ အေး..။
မျက်လုံးပြူးကြောင်
ကြည့်နဲ့မောင်
ကြောင်အိုပေမှေး ကိုက်မယ်လေး
အိုး အေ အေး .. အိုး အေ အေး..။
တောက်တဲ့မြည်သံ
ကြောက်သည့်ဟန်
အိပ်ပြီလူလေး မေ့ရင်သွေး
အိုး အေ အေး .. အိုး အေ အေး..။
ပျိုးယုဝသုန်
02-10-2013
Wednesday (YGN)
4 comments:
ခလေးလေးကို ရင်ခွင်ပိုက်ပြီး
ချော့လိုက်ခြောက်လိုက် နှင့်
သိပ်နေရှာသော မိခင်တစ်ယောက်ကို
ကဗျာလေးထဲမှာ မြင်လိုက်ရတယ်
မ၀သုန်ရေ........။
ကလေးချော့တေးလေး လာဖတ်ဖြစ်ပါတယ် ။
c-box မရှိတာ နဲ့ ဒီမှာ ရေးဖြစ်တာပါ ... ။
အထက်တန်း ကျောင်းသားတုန်း က
မြန်မာ ကဗျာ စာအုပ် ထဲ မှာ ဖတ်ခဲ့ဖူးတာလေးတွေ
သတိရမိတယ် ... :)
ကလေးချော့ကဗျာလေး အားပေးသွားတယ် ၀သုန်ရေ... အိုအေအေ့ အိုအေအေး... :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သားချော့ ကလေးကဗျာပေါင်းချုပ် ထုတ်ရင် ကောင်းမယ် မမဝသုန်...အဲဒီကဗျာလေးတွေကို နောက်ခံတီးလုံးလေးနဲ့  ကလေးတွေနှစ်သက်မဲ့ ပုံလေးတွေနဲ့  ဒီဗွီဒီလိုမျိုး ထုတ်သင့်တယ်...း)
Post a Comment