နေဝန်းနီ
မြကြာခြည်လဲ့လဲ့ရေး
မယ့်အတွေးမှာ ပန်းသခင်ညှင်းတယ်
သင်းရနံ့ ပျံ့မွှေး..။
ငှက်ကျေးတို့ တေးဆိုသံ
မိုးကမ်းပါးယံ ရိုက်ဟည်း
လမီးအိမ် ညတွင်လင်းတယ်
ဝင်းပ ရှုမငြီး..။
စိမ့်ကြီးနဲ့တောမြိုင်
ချစ်ရသူလက်ဖဝါး
အပါးမှ မြဲကိုင်..။
တိမ်းမယိုင်
မိုးမှိုင်တိုင် ကြောက်ဘူး
မောင့်နဖူးမှ ချွေးကိုသိပ်ချင်ရဲ့
စိတ်လက်ကြည်နူး..။
ပျိုးယုဝသုန်
29-07-2013
Monday (YGN)
1 comment:
သိပ့်ကောင်းတဲ့ကဗျာလေး ဗျာ
မောင်သာဖတ်ခွင့်ရရင် ကြည်နူးနေမယ် ထင်ပါရဲ့ ။
မင်းဧရာ
Post a Comment