ဖုထစ်ထစ်ခန္ဓာ
စိမ်းဝါတဲ့ကိုယ်သွေး
စိမ့်စိမ့်သာ ကြာကြာလွေးပါဟဲ့
ကောင်းလိုက်တဲ့ဆေး။
သွေးတိုးနဲ့ဆီးချို
မတိုးအောင်သူလေမစွမ်းပါလား
စားလိုက်ပါအစ်ကို။
ချက်ခဲ့ပါပျို
ပြုတ်မယ်ဆို ညိုပါနဲ့
ရေနွေးမှာစိမ်ကာ တို့မယ်
ခံတွင်းရှင်းတယ်ကွယ့်။
ပျိုးယုဝသုန်
7:17: 40 PM
29-11-2012
Thursday (BNE)
10 comments:
ဆေးဖက်ဝင် ကြက်ဟင်းခါးသီးကိုတောင် စိတ်ဝင်စားအောင် ကဗျာလေးဖွဲ့ထားပါလား ဝသုန်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မရေ...မရဲ့အစွမ်းဆိုတာ အဲဒါပေါ့...
ညလေးကြွေကြွေနေရတာ အဲဒါ....ဟုတ်တယ်လေ
တီတင့်ပြောသလိုပဲ........
ချစ်တဲ့...မိုးနတ်
ဆီးချိုနှင့်သွေးတိုး ကောင်းတယ်လား။
ဒါဆိုရင် တစ်ပတ်တစ်ခါလောက်တော့ စားဦးမှဘဲ။
ဒီကဗျာလေးကို ဖတ်မိတော့ အမည်မသိရှေးစာဆိုတစ်ဦးရဲ့ ကဗျာလေးကို သွားပြီး သတိရမိတယ်။
တစ်နေကုန် ယုန်ရှာ
ခြေရာမတွေ့။
ကြုံမိကြုံရာ ခူးပြုတ်ချက်
ဆူးပုတ်ရွက်တပွေ့။ ။
(ဆူးပုတ်ရွက်ထက်စာရင် ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကိုပဲ စားတော့မယ်)
မမ၀သုန်ကဗျာလေးဖတ်ပြီး ကြက်ဟင်းခါးသီးဟင်းကိုတောင်စားချင်ဘာပီ
သွေးတိုးနဲ့ဆီးချို
မတိုးအောင်သူလေမစွမ်းပါလား
အဲဒါသွေးတိုးနဲ့ ဆီးချို တိုး အောင်လုပ်မယ် ဆိုတဲ့ သဘောလားဟင်...။ တကယ်နားမလည်လို့ပါ...။
ပုံ.. ထုံမိသူ မှုံ့မေမေ
:D hi mama
just visit :D
ဒုတိအပိုဒ်နဲ့ အဆုံးအပိုဒ်မှာ ဖတ်ရတာ ထောင့်သွားတယ်။ ဒုတိယအပိုဒ်က စကားလုံးများသွားလို့ထင်တယ်။ အဆုံးအပိုဒ်က အသံပျော့သွားတယ်ထင်မိတယ်။( ကျွန်တော့်အမြင်သာဖြစ်ပါတယ်ခင်ဗျာ)
ချက်ခဲ့ပါပျို
ပြုတ်တစ်ခါ ကြော်တစ်လှည့် ..
အဲဒီနေရာမှာ ကာရန်ပြန် တချက်လွတ်သွားတာ တွေ့မိပါတယ် ... တတိယအချိုးရဲ့ "ချက်ခဲ့ပါ(ပျို)" နဲ့"ပြုတ်တစ်ခါ" ဆိုတဲ့ အပိုဒ်တွေမှာ အပေါ်က အချိုးနှစ်ချိုးရဲ့ အချကာရန် (အို) နဲ့ ညီရပါတယ် ... ကာရန်ပြန်မပါရင် အချိုးပျက်တယ်လို့ ရှေးဆရာများ မိန့်ကြားခဲ့တဲ့အတွက် လေးချိုးနဲ့ တြိချိုးတွေမှာ အဲဒီ (ကာရန်ပြန်) ကို အမြဲ သတိထားသင့်ပါတယ် လို့ အကြံပြုပါရစေ ...
ဟုတ်ကဲ့ ကိုဟယ်ရီ
ကျေးဇူးတင်ပါတယ်ရှင်
ပြန်ပြီး ပြင်လိုက်ပါတယ်..။
အခုလို အကြံပေးတာ အရမ်းဝမ်းသာပါတယ်။
နောက်ကိုလည်း သတိထားပါမယ်။
Post a Comment