မုန်တိုင်းရယ်ထန်
ရေဆန်မှာလူး
ဘောက်တူအိုလှေငယ်လေးနဲ့
အံတင်းကာကူး။
မြစ်ပြင်ရဲ့တစ်နေရာ
ကမ်းဆိုတာ ဘယ်မဝေး
သောင်ကျော်ရင်ဟိုအကွေ့မှာ
ရောက်တော့မယ်လေး။
စိတ်အားဖြင့်လျှော့မယ်ပြင်
မရောက်ခင် သည်ရေလမ်း
ကြမ်းလှတယ်ထင်..။
လျော့ပါနဲ့ရှင်
ပန်းတယ်ထင် အံကိုခဲ
တို့လက်မှာ မာန်ခိုတွဲမယ်
ဘဝရဲ့တိုက်ပွဲ။
ပျိုးယုဝသုန်
05:07:17 PM
22-10-2012
Monday (BNE)
7 comments:
ဝိုး.....လှလိုက်တဲ့ ကဗျာလေး....ဖဘကို မသွားမယ်နော်.......:)
စာသားတွေအရမ်းလှတယ်
လှတယ် အရမ်းကြိုက်တယ်...
နုနုရွရွနဲ့ လှပတဲ့ လေးလုံးစပ်ကလေးတွေ။
အရမ်းကိုကောင်းတယ်ဗျာ
ကဗျာ ဆိုရင်အဲသည်လိုလေးတွေမှ
ဖတ်လိုက်ချင်တာဗျ.......။
မမဝသုန်ရဲ့  လေးလုံးစပ်ကဗျာလေးတွေကို ကြိုက်မှကြိုက်..
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို ဆရာမ မဝသုန် အမှီလိုက်နိုင်တာ ဒီကဗျာမှာ တွေ့လိုက်ရပါတယ်။
Post a Comment