တစ်တီတူးလေး
အတွေးခေါင်
မိုးပြိုမှာလားမောင်..။
ပူပင်တွေးကာ
ဟိုသည်ကြည့်
မောင်ငှက် ဖြေမသိ..။
အိပ်ချိန်သိလို့
မှေးမပျော်
မောင်ငှက် အကြံပေါ်..။
မိုးပေါ်ခြေကန်
အိပ်မယ်တွေး
မိုးပြိုမယ့်ရန်ဝေး ..။
စိုးရိမ်တဲ့ ငှက်လေး ..။
ပျိုးယုဝသုန်
6:49:31 PM
16-10-2012
Tuesday (BNE)
4 comments:
ကဗျာလေးက ချစ်စရာလေးအစ်မရယ်။ ဆိုလို့ကောင်းလိုက်တာ။
မမ၀သုန်ကတကယ့်ကို ချစ်စရာကဗျာလေးတွေရေးတတ်တယ်
like like like .. imagine want to be a child again...
ချစ်ဖို့ ကောင်းလိုက်တဲ့ ကဗျာလေး...
Post a Comment