ကောင်းကင်ပြာ
တစ်ဘက်မှာ ဘာတွေရှိ
တွေးကြည့်အဖြေရှာ..။
မြေပြင်လွှာ
တစ်နေရာထိဦး
မိုးတိမ်လွှာ မြေကိုနမ်းလေတဲ့
လမ်းစတွေအဆုံး။
မျှော်ငေးကြည့် အခါခါ
ရန်ဖန်မှာ ပင်လယ်မျက်နှာနှင့်
ပါးအပ်ပြိုင်တာ..။
စည်းဆုံရာ
ဆုံးကမ္ဘာရှာဆဲ
လှမ်းခြေမှာ ခါခါရွေ့ပေမယ့်
ဝေးလျက်နေမြဲ..။
ပျိုးယုဝသုန်
07:24:22 PM
15-10-2012
Monday (BNE)
5 comments:
ကောင်းကင်ပြာ
တစ်ဘက်မှာ ဘာတွေရှိ
တွေးကြည့်အဖြေရှာ
မြေပြင်လွှာ
တစ်နေရာထိဦး
မိုးတိမ်လွှာ မြေကိုနမ်းလေတဲ့
လမ်းစတွေအဆုံး----------
-------
----
ခြေလှမ်းတွေ ခါခါရွေ့လဲ ဝေးလျက်ပါပဲ ဆိုတာလေးကိုသဘောကျမိတယ်ပျိုးရေ
ချစ်တဲ့ jasmine
I love your poem.
တခါတခါ မျက်စိတစ်ဆုံးကြည့်မိတိုင်း မိုးကောင်းကင်ကြီးနဲ့ မြေပြင်နဲ့ တကယ်ဘဲ ထိဆက်နေလားလို့ တွေးကြည့်မိဘူးတယ်....
ကဗျာလေး သိပ်ကောင်းတယ်
မဖတ်ရတာကြာပြီဗျာ.....
လမ်းတွေမဆုံးခင် ပြုံးနိုင်ပါစေ မ၀သုန် ။
ကဗျာရဲ့ အဆုံးပုဒ်ကို ဖတ်အပြီးမှာ သက်ပြင်းမောတစ်ခု ချဖြစ်လိုက်ပါတယ်။
Post a Comment