ချစ်သူအနားမှာ
အနေကြာစေရေး
နေကြာပွင့်လေး လှူဖူးတယ်။
ကောင်းခြင်းတွေပေါင်း
သူခညောင်းဖို့
ကောက်ညင်းပေါင်းလည်းလှူဖူးတယ်။
ဘေးဘယာပေါ်
သူဖြတ်ကျော်ရေး
ဘယာကြော်
ဘုရာမှာလှူသေးတယ်။
တွက်ရချက်ရ
ဂမ္ဘီရနဲ့
ဗေဒဆရာလည်း
များခဲ့တယ်။
ခုတော့သူလည်း
နောက်လူတွဲလို့
ငါ့ပဲ
ချန်ရစ်ထားခဲ့တယ်။
အယူကသည်း
ရှေးရိုးစွဲမို့
လက်တွဲခေါ်ဖို့ ကြောက်သတဲ့ကွယ်။
ခုတော့လည်းငါ
ယတြာကို
မကြာချေရေး
တွေးခဲ့တယ်။
ဗေဒဆရာ
ဟောတိုင်းသာပ
လူ့ဘောင်သုံးလ စွန့်ခဲ့တယ်။
သုံးလလည်းစေ့
နောက်တစ်နေ့မှာ
ချစ်သူရှိရာ
သွားခဲ့တယ်။
ဆရာညွှန်ကြား
အရောင်များလည်း
ဦးပြည်းကတုံး နဲ့ဆင်ခဲ့တယ်။
ရောက်ရှိခဏ
မင်သက်ရသား
အသက်ရှူမှားဖို့ ဖြစ်ရတယ်။
မထူးတဲ့အဆုံး
မျက်နှာပြုံးကာ
မင်္ဂလာဆွမ်းလေး စားခဲ့တယ်။ :P :P
ပျိုးယုဝသုန်
09:09:00 PM
28-05-2012
Monday (BNE)
3 comments:
ဖြစ်ရလေတယ် ဂတုံးတုံးလိုက်တာကိုဗျ
နောက်ဆုံးမင်္ဂလာဆွမ်းလေးပဲစားလိုက်ရတယ်ပေါ့နော်
မမ၀သုန် ရဲ့  ကိုယ်တွေ့ လေးလား ခင်ဗျာ
ဟီးဟီး ကဗျာက နောက်ဆုံးရောက်တော့မှ
ငိုရမလိုလို နဲ့ ရီချင်တယ်
သြော် .......
ယတြာများစွမ်းချက်ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဟ ဟ ကဗျာလေးက ရယ်ရမလို ငိုရမလိုလေး...း)
အဲလို ကိစ္စမျိုးဆိုရင် .. ဘယ်တော့မှ ယတြာ အားကိုးတော့ဝူး.. နောက်ပီး.. မမ၀သုန်ကိုလဲ တိုင်ပင်တော့ဝူး.. ဒီကဗျာ ဖတ်လိုက်ရုံနဲ့ သိသွားလို့.. ဟီး
Post a Comment