ဖော်ကားဖော်
လျော်မလျော်သူမတွေး
ရှေ့အရေးကို ကြိုကာတွေးကာကြည့်
စိတ်ပိရင်လေး..။
ဒီမိုတဲ့ဒီမို
ဒီလိုကိုဖော်တာချွတ်တာမှ
လွတ်လပ်တယ်ဆို..။
တို့မလို
ဤသို့ဒီမိုများ
အရှက်မှာကြောက်တာမဲ့ပြန်တော့
ပျက်မယ့်တရား..။
အို .. မှားတဲ့ဒီအမြင်
ပြင်ကြပါ တို့မြန်မာမတွေရဲ့
ဖတ်ကြစာအစဉ်..။
အကျိုးကိုမြင်
ဒီမိုနဲ့လူယဉ်ကျေး
အချိုးဟာပြောင်းပြန်မကျပါဘူး
ရှက်..ကြောက်စိတ်မွေး..။
ပျိုးယုဝသုန်
4:13:51 PM
13-05-2012
Sunday (BNE)
7 comments:
အရှက်မှာကြောက်တာမဲ့ပြန်တော့
ပျက်မယ့်တရား.---- ဟုတ်ပါ့ပျိုးရေ
တလွှဲတွေတွေးနေကြတဲ့သူတွေပဲ
သူတို့ထင်တဲ့ ဒီမိုက အဲတာမျိုးလို့လေ
အရမ်းကောင်းတယ် အသိပေးတဲ့ပြီး ကာရံညီတဲ့ကဗျာ
ဒီကဗျာကို အမျိုးသမီးငယ်လေးအကုန်လုံးကို ဖတ်စေချင်လိုက်တာ။
ဟီရိသြတ္တပ္ပ နှစ်ပါး ခေါင်းပါးလာလေလေ
လူတွေ ဒုက္ခများလေလေဖြစ်မှာပါပဲ
ကောင်းလိုက်တဲ့ အသိပေးစာလေး...း)
ယဉ်ကျေးသိမ်မွေ့ တဲ့ ဒီမိုလေးတော့ မျှော်မိသား အစ်မရယ်...
အစ်မရေ..........ကောင်းလိုက်တာဗျာ။ တကယ်ရေးသင့်တဲ့ပို့စ်လေးပါ။.
ခုခေတ်ကလေးတွေကို ဖတ်စေချင်တယ်...
Post a Comment