2005ခုနှစ်လောက်ကပေါ့…
မမဝသုန်Londonမှာကျောင်းတက်နေတုန်းကျောင်းအားရက်တွေမှာStoreဆိုင်တစ်ခုမှာအရောင်းစာရေးအဖြစ်ဝင်လုပ်ခဲ့တယ်…ဆိုင်ကဈေးသက်သာတဲ့ဆိုင်လည်းဖြစ်တာမို့နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာဆိုအင်မတန်မှလူစည်ကားလှပါတယ်..မမဝသုန်လည်းမနက်ကနေညနေအထိတချိန်လုံးကောင်တာမှာမတ်တပ်ရပ်ပြီးဈေးရောင်းရတာပေါ့..ထိုင်ဖို့ခုံလည်းမရှိပါဘူး…ဒါပေမယ့်ပျော်စရာကောင်းပါတယ်…
တနင်္ဂနွေနေ့တစ်နေ့ရဲ့ညနေပိုင်းမှာတော့ဆိုင်မှာထုံးစံအတိုင်လူကလည်းကျနေပါတယ်…ပါကစ်စတန်လူမျိုးအမျိုးသမီးကြီးတစ်ယောက်ကလည်းသူဝယ်ပြီးသားတွေအတွက်ငွေချေပါတယ်…အားလုံးကျသင့်ငွေက ၁၂.၅ ပေါင်ပါ..ဒါနဲ့သူက၁၅ပေါင်ထုတ်ပေးပါတယ်… ဒီတော့မမဝသုန်လည်း ၂.၅ပေါင်ပြန်အမ်းတာပေါ့…ဒါပေမယ့်သူကခေါင်းခါတယ်…
မိန်းမကြီးး Give me 5-50
မမဝသုန်း Sorry.. 5-50 ..?
မိန်းမကြီးး Yes.. give me 5-50
မမဝသုန်း No..Mam.. you give me 15Pound for your purchasing of 12-50..So, I return you 2-50
မိန်းမကြီးး Yes..but give me 5-50
မမဝသုန်း No Mam.. I can’t.. How can I give you 5-50..Are you kidding?
မိန်းမကြီးး Oh My Dear… Thus why I ask you to give me 5-50
မမဝသုန်း Sorry Mam .. I can’t..
မိန်းမကြီးး Oh how the hell you are… I told you give me 5 of 50 ..
မမဝသုန်း Oh ..I see… you want 5 of 50 pence note?
မိန်းမကြီးး Yes..
အဲဒီနောက်မှာပြား၅၀စေ့၅စေ့ထုတ်ပေးလိုက်တော့မှပဲပြဿနာကအေးတော့တယ်…သူကတောင်းတာကငါးမူးစေ့၅စေ့..မမဝသုန်ထင်တာကငါးပေါင်ခွဲနဲ့တော်တော်အူလည်ချာလည်ရိုက်သွားရပါတယ်…သူမကြီးလည်းတော်တော်ဒေါသထွက်လာဟန်ရှိပါရဲ့…အသံတွေတောင်ကျယ်လာရဲ့လေ..သူကလည်းငါးမူးစေ့လို့မပြော..ကိုယ်ကလည်းတလွဲထင်နဲ့မြန်မြန်အထာပေါက်လို့သာတော်လေရဲ့…မဟုတ်လို့ကတော့မမဝသုန်လည်းဒီမိန်မကြီးအော်နေတာနဲ့အယောင်ယောင်အမှားမှားဖြစ်နိုင်တယ်လေ…
နောက်တော့အဲဒီဆိုင်ကအလုပ်ထွက်လိုက်ပြီးသည့်တိုင်အောင် 2-50..5-50 လေးကိုတော့ မကြာမကြာသတိရဖြစ်နေပါသေးတယ်… လူကိုးနော် …
ပျိုးယုဝသုန်
4:15:03 PM
05-03-2012
Monday(BNE)
7 comments:
အလွဲလေးက ဗဟုသုတရတယ်။း)
ဖြစ်မှဖြစ်ရလေခြင်းကွယ်
အမှတ်တရလေးပေါ့
ချစ်တဲ့ jasmine
ဟုတ်ပါ့ သူက အတိုကောက်ပြောလိုက်တော့ လူကကြောင်သွားတာပေါ့ နော်..ဖြစ်တတ်ပါတယ်...ဒါတောင် မမ၀သုန်က listening ဒီလောက်ကောင်းတာ.....။
မမ၀သုန်ရဲ့အလွဲလေး ဖတ်သွားတယ်နော်...
တော်သေးတာပေါ့အပေါက်မြန်လို့
မဟုတ်ရင် သူပဲပေါက်မလား
ကိုယ်ပဲပေါက်မလားမသိဝူးးးးးးး
ဟီးးးးးခေါင်းကိုပြောတာ
မမဝသုန်နှင့် အလွဲများပေါ့..ဒီမှာလည်း Quarter (၂၅ ပြား) က မရှိမဖြစ်..
သြော်... ဖြစ်ရမယ် တို့ အစ်မကတော့...
Post a Comment