မနက်အလင်း
သယ်ဆောင်ရင်း
လမင်းအိပ်တန်းဝင်တော့တယ်…
ပန်းရနံ့သင်း
သယ်ဆောင်ရင်း
လေညင်းဆော့ပြေးနေတော့တယ်…
မာဂဓတေး
သီဆိုကြွေး
ငှက်ကျေးဝမ်းရေးရှာတော့တယ်…
ညမှောင်ရီတွင်
ကောင်းကင်ပြင်
ကြယ်စင်ထင်းလို့လာခဲ့တယ်…
ကြယ်စင်ဖွေရှာ
ညကမ္ဘာ
လသာရက်များစောင့်ခဲ့တယ် …
ပျိုးယုဝသုန်
10:39:44
28-02-2012
Tuesday (BNE)
11 comments:
လှလိုက်တဲ့ ကဗျာလေး
လသာရက်တွေတူတူစောင့်ကြမယ်နော်
ချစ်တဲ့ jasmine
ကဗျာလေးက လှလိုက်တာ
ခုလေးပဲနောက်ဖေးပြူတင်းပေါက်ကနေ လခြမ်းကွေးကွေးလေးတွေ့လို့ သိပ်လှတာပဲလို့ ငေးကြည့်လိုက်မိသေးတယ်....။ ကဗျာလေးသိပ်လှတယ်....။
ကဗျာလေးက တိုပေမဲ့ အချက်အလက်
အတော်လေးများတာသတိထားမိတယ်
ကျွန်တော်စကားပြေပြန်ကြည့်တာ
အတော်လေး ကျယ်ပြန့်သွားတယ်
လေးစားမိပါတယ်။
ကဗျာလေးကိုလာဖတ်ကြတာကျေးဇူးတင်ပါတယ်ရှင်..
ချစ်တဲ့
ဝသုန်
ဘလော့ဝင်ကာ
စာလာဖတ်တော့
ချစ်စရာကဗျာလေးဖတ်ရတယ်...
ဝသုန်ရေ...
မြတ် ကဗျာလေး လာဖတ်သွားတယ်။
ချစ်တဲ့
မြတ်
မမဝသုန် ကဗျာလေးတွေက အမြဲကာရန်နဘေလေးတွေနဲ့  လှပတယ်..
မမသုန်ရေ...
ကာရံနဘေလေးတွေနဲ့ 
ခံစားသူတွေ
ရင်ထဲကိုတန်းခနဲ့ 
ချိုမြိန်စေပါတယ်ခင်ဗျာ...
ထော်ဦး
အမှန်အတိုင်းပြောရရင် ကျွန်တော် အစ်မဆိုက်ဒ်ကိုမလာချင်တော့ဘူး။ ဘာလို့လဲဆိုတော့ လာတိုင်းကွန်မန့်ပေးဖြစ်တော့ လက်ညောင်းလို့။ မလာဘဲနေနိုင်လားဆိုတော့လည်းမနေနိုင်ဘူး။ ကဗျာချစ်သူတစ်ယောက်ဆိုတော့ စွဲမက်ဖွယ်ကဗျာလေးတွေက ကျွန်တော့်ကို ညှို့ထားပြန်ရော။ ရှေ့လျောက် ကြိုက်တဲ့ကဗျာဆိုကွန်မန့်မပေးဘဲ မကြိုက်တဲ့ကဗျာကျမှ ပယ်ပယ်နယ်နယ် ဆဲမယ်လို့ တွေးတောစီစဉ်ထားပါကြောင်း။
စကားလုံးအသုံးအနှုန်းလေးတွေကို အထူးစပါရှယ်နှစ်သက်ပါတယ်။
လသာ ပြီလားဟင်??? ကဗျာလေးက ကာရန်လေးနဲ့ ချစ်ဖို့ကောင်းတယ်။ ကဗျာကောင်းလေး လာဖတ်သွားပါတယ်နော် ...
Post a Comment