ချစ်သူလား …
စကားပွင့်ဝေ
သည်လေနှင်လို့
ကြွေဖို့လွင့်လူး
ထိုပန်းဖူးကို
သူဦးကောက်ဖို့စောင့်နေတယ် …
ပန်းကမ္ဗလာ
ပန်းပွင့်လွှာကို
ညင်သာကောက်မွှေး
လှရာငေးလို့
သူရွေးသီကောက်နေခဲ့တယ် …
ပန်းပွင့်ညီတူ
သရဖူနှင့်
ပန်းပွင့်တွေကြား
ဝင့်ကာကြွားသည်
ပန်းဘုရင်မလား ..ချစ်တဲ့သူ …
ပျိုးယုဝသုန်
11:01:41 AM
24-02-2012
Friday (BNE)
5 comments:
ပန်းသီးချစ်သူ.. :P
ကဗျာလေးဖတ် ပန်းလေးကြည့်ပြီး ဆရာမဂျူးရဲ့ ချစ်သူလား..စကားတစ်ပွင့်ပွင့်ခဲ့သည် ၀တ္ထုကိုသတိရမိသွားတယ်.......။
ကဗျာလှလှလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးပါ အစ်မ...
ပြောနေပြန်ရင် မြှောက်နေတယ်ပဲ ဖြစ်ဦးမယ်ဆိုတော့ မပြောတော့ဘူးမမ၀သုန်ရာ။ အမြဲ အားပေးနေတယ်ဆိုတာသာ အမှတ်ရထားလိုက်တော့။
ဒီကဗျာလေး တော်တော်သဘောကျတယ်။ ဖွဲ့တတ်လိုက်တာ ...
Post a Comment