မနက်အလင်း အရုဏ်ကျင်း
လမင်းရေသောက်ဆင်း…
ရောင်စဉ်ကင်းတဲ့ တိမ်ဖြူလွှာ
သဏ္ဍန်မျိုးစုံစွာ …
ကောင်းကင်ယံမှာ ဟို သည်ကူး
လေနှင်လွှင့်ရာမြူး…
သံစုံကြူုးတဲ့ငှက်ပလီ
သစ်ပင်ထက်မှာမြည် …
ကျီကျီကြာကြာသီဆိုကြွေး
မနက်ခင်းရဲ့တေး …
လေပြည်အေးအေး နော့သောခါ
ယိမ်းနွဲ့ညာ ဘယ် ညာ...
ပန်းပွင့်ရွက်လွှာရနံ့ဖူး
သယ်ယူခဲ့ပါဦး….
ပျိုးယုဝသုန်
10:55:28PM
22-02-2012
Wednesday (BNE)
5 comments:
ကဗျာလေးကလှပြီး ကျက်သရေ ရှိလိုက်တာ အစ်မရယ်... အစ်မ ကဗျာလေးတွေက ကာရံမိမိနဲ့ တကယ် ဖတ်လို့ ကောင်းတယ်...
ရေးတတ်ပါပေ့..ကာရံကဗျာတွေ ဖတ်ချင်တဲ့သူတွေ အတွက် စုဝေးရာ အရပ်ပေပဲ
အင်း..ဒီလိုလေးဆိုတော့ နောက်တစ်ခါ ကုန်ကြမ်းရှားရင် ညနေခင်းကဗျာဆိုပြီး လုပ်လို့ ရတာပေါ့..တော်လိုက်တဲ့ ပိုးနှံကောင် :D
အစ်မရဲ့ ကာရံကဗျာလေးကို
သဘောကျမိပါတယ်။
ဒီကနေ့ ခေတ်မှာ ကာရံကဗျာလေးတွေက ရှာမှရှားတဲ့
အဖိုးတန်ရတနာတစ်ပါးလို့  မှတ်ယူထားပါတယ် အစ်မရေ...
ကဗျာလေးဖတ်ပြီး ကြည်ကြည်လင်လင်မနက်ခင်းတခုကို ခံစားမိသွားတယ် မမ၀သုန် သိပ်တော်တယ်...။
ကဗျာလေးက ကြွတက်နေသလိုပဲ ခံစားရတယ်။ ကြွကြွရွရွလေး လမ်းလျောက်နေသလို။
Blog ဘက် နည်းနည်း ပြန်လှည့်လိုက်ပြီ အစ်မ ပစ်ထားတာ နည်းနည်းကြာသွား :(
Post a Comment