အတိတ်ကအတိတ်
အရိပ်ကအရိပ်
စိတ်ကို မနှိပ်စက်နဲ့ကွယ်.. ၊
အိပ်မက်ဆိုတာခဏ
နိုးထတော့ပျောက်ကွယ်
ပျက်လွယ်တဲ့သဘော
ဒါကိုစောကြောကြည့်ရမယ် ..၊
ပျောက်ဆုံးနေတဲ့တစုံတရာ
ရှိချင်လည်းရှိမှာပေါ့
ရှာရင်းမောမှာစိုးပါတယ်..၊
ပစ္စုပ္ဗန်ကိုတည့်တည့်တွေး
အနာဂါတ်အရေးကိုအိပ်မက်
အတိတ်ရဲ့သမိုင်းကိုချန်ခဲ့ပေါ့..၊
ထက်သန်တဲ့စိတ်အကြံနဲ့
ခပ်မှန်မှန်ဖြတ်သန်း
ပန်းတိုင်ဆိုတဲ့အဆုံးခရီး
မင်း အနီးကလေးမှာရှိခဲ့တယ် ..။
မမ၀သုန်
3-09-2011
16:57:22pm
Saturday (BNE )
အတိတ်တွင်ပျာက်ဆုံးနေခဲ့သည်များကို ရှာဖွေချင်နေသော မိတ်ဆွေလေး အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်
1 comment:
ကဗျာလေးထဲကနေ ပြောချင်နေတာလေးတွေ မြင်နေရအောင် ရေးသွားတာကို လေးစားမိပါတယ်.....မမ၀သုန်ရေ.....
Post a Comment