Monday 12 December 2011

နားးလည်စေ

လလေးသာသာ
ညအခါမှာ
ချိုသာစကား
သူပြောကြားလျင်
ရင်တွင်းလှိုက်ခုန်
ရှိုက်မောတယ် …

သတိရပေးပါ
ဟိုစဉ်ခါက
ကြင်နာအကြည့်
ငါရရှိလျင်
ရင်တွင်းလှိုက်ခုန်
ရှိုက်မောတယ် …

မှတ်မိပေးပါ
ချိန်တခါက
သူနာဖျားစဉ်
စိတ်ပူပန်ပြီး
တန်တန်စကား
ငါမှာကြားတယ် …

အကယ်၍များ
ငါမှားခဲ့လျင်
ချစ်ခင်စိုးထိတ်
ငါ့စိတ်လေးကို
သင်လည်းခွင့်လွှတ်နိုင်ပါစေ


ပျိုးယုဝသုန်
(ရန်ကုန်)

No comments: