Tuesday 13 December 2011

ကလေးကဗျာများ - ၉

ကိုကိုကြီးရေ စာကိုဖတ်ဗျ
လမင်းဝါက လာတော့မှာ ..

စာဆိုပြီးရင် ဆော့ကစားဖို့
ညီမလေးတို့ စောင့်နေတာ..

မီးခွက်မှိန်မှိန် အိမ်အရှေ့က
အဘညိုဝတ်ပြုနေတာ ..

အမေကြီးဟာမောင်းဆုံထောင်းလို့
ကောက်ညှင်းပေါင်းများ ကျွေးပါဗျာ ..

သားထွေးညီငယ် ဆော့ကစားကြ
လမင်းဝါကသာလိုက်တာ ...

မမငယ်မှာ လက်ရက်ကန်းနဲ့
ဖျင်တဘက်လေး ယက်နေတာ  ..

ညကောင်းကင်မှာ တိမ်ညိုကင်းစ
လမီးအိမ်ကြီးထွန်းနေတာ ..

မောင်နှမတွေ ဆော့ကစားလို့
ပြုံးပျော်ရွှင်မြူး ညချိန်မှာ ..
ကစားပါ  ကစားမှာ ....

ပျိုးယုဝသုန်
13-12-2011
03:44:40PM
Tuesday(BNE)

No comments: