Sunday 4 September 2011

အခါမဲ့ ..မိုး



နွေခေါင်ခေါင်
မိုးမှောင်လို့အုံ့ဆိုင်း
တိမ်မှိုင်းညိုပြိုမှာစိုးတယ်
မိုးလုံးပြည့်ဝိုင်း ..။
လျှပ်ပန်းဆိုင်းအလီလီ
မြည်လေတဲ့သံစုံတေး
အဝေးကိုမရွယ်စိတ်ကယ်
ထိတ်လှပါသေး ..၊
စိတ်မအေး
မျှော်တွေးပါလို့ရင်မှာဆူ
ပျိုချစ်သူအလာခက်မယ်
နှိပ်စက်ကလူ ..၊
နံဘေးသူ
ဘယ်ကူလို့သိမှာတုန်း..
အတွင်းဆူ ပူပန်ထိတ်တယ်
ချစ်စိတ်အုံ့ပုန်း ..၊


ပျိုးယုဝသုန်
17:55:43
03-09-2011
Saturda..

No comments: