Tuesday 30 August 2011

ဖြစ်တည်ခြင်းပင်လယ်




အစာမကျေတဲ့ စိတ်တွေအတွက်
ဗလာမမည်တဲ့ဆေးဝါးများရှိသလား..
သူတစ်ပါးအတွက်အမှိုက်တစ်စဟာ
ကိုယ့်ဘ၀အတွက်ရတနာ လည်းဖြစ်နိုင်မယ်
စိတ်ကိုစိတ်နဲ့ကြည့်ုပြီး
စိတ်အသိနားနဲ့နားထောင်ပါ..
စိတ်ကစကား စိတ်နားကကြားရင် ပြန်ပြောပါ..
အပေါ်ယံအပြုံးနဲ့ စိတ်ရဲ့ အမုန်းတွေ
ပကာသန ကုတ်တင်(Coating)နဲ့
ဘယာနက ဂုဏ်အင် တွေ
ဖြောင့်မှန်တဲ့ ကလေးတွေနဲ့
ဖောက်ပြန်တဲ့ အတွေးတွေ
အသိခက်သူတွေနဲ့
ကတိပျက်သူတွေ
အရောင်ပြောင်းတတ်တဲ့ ပုတ်သင် လိုပုဂ္ဂိုလ်တွေ
အောက်ချင်းငှက်လိုသစ္စာကြီးသူတွေ
ရောသမမွေထားတဲ့
လောကတွေထဲမှာ
နေမကောင်းလောက်အောင်
ရာသီတွေပြောင်းနေတယ် .. 


ပျိုးယုဝသုန်
15-08-2011
Monday
2:30am

No comments: