ငါ….
တကယ်တော့ ..
ဂေါက်သီးတစ်လုံးပါ ..။
ရိုက်ချက်တိုင်းမှာ
ဝေးရာကိုလွင့်
သခင့်ဆီမရောက်နိုင်တဲ့
ငါ့ရဲ့အ ဖြစ်ပေါ့ ..။
နာကျင်မှုကိုအံခဲ
နီးလာရင်ပဲဝမ်းသာ
လက်ကမ်းလို့ခေါ်မှာလားရယ် ..ပေါ့ ..။
ဒီတခါလည်း
နောက်တချက်မှာ
ခပ်လှမ်းလှမ်း ငါ ..
ရောက်ခဲ့ရပြန်တယ် ..။
ကန္တာရဆန်တဲ့ဒေသ
စိမ်းလန်းခြင်းကင်းတဲ့ကာလ
ဘန်ကာ ဆိုတဲ့အခေါ်အဝေါ်မှာ
ငါ …
နစ်ဝင်ဖူးပါတယ် ..။
မွန်းကြပ်တဲ့ရေပြင်
သခင့်ရိုက်ချက်အလျဉ်မှာ
မကြာခဏ
ငါ ….
ကျခဲ့ရတာပေါ့ ..။
ဆယ်ယူခံရမယ့်အရေး
မျှော်လင့်ချက်ကလေးနဲ့
တွေးပြီးငေးပြီး စောင့်ခဲ့တယ်..။
ရိုက်ချက်အချို့အတွက်
ကျင်းနက်တွေထဲလည်း ..ငါ
ကျခဲ့ဖူးပါတယ် ..။
ကျဉ်းမြောင်းမွန်းကျပ်တဲ့
ကျင်း နက်နက်မှာ
ကြေကွဲစွာ ငြိမ်သက်ရင်း
သခင့်လက်အလှမ်း ကို စောင့်ခဲ့တယ် ..
တကယ်တော့
ငါ ….ဟာ
ဂေါက်သီးတစ်လုံးသာ ….။…။
ပျိုးယုဝသုန်
08:19:45
24-08-2011
Wednesday
No comments:
Post a Comment