မြက်တွေ..မြက်တွေ
တော်တော်ကို သန်စွမ်းကြတာကိုး။
မိုးရွာတော့ ပိုတောင်မှသန်ကြသေး..၊ တစ်ပတ်တစ်ခါ ရိတ်နေတာကိုတောင်ဒင်းတို့က အတိုင်းမသိရှည်ချင်ကြသေး။ မိုးရွာလိုက်နေသာလို်က်နဲ့ သူတို့ကို ကျန်းမာ သန်စွမ်းအောင် သဘာဝတရားက စီမံပေးနေသလိုပါပဲ။
မြက်တွေရှည်လာပြီဆိုရင် ဘယ်လိုမှငြိမ်ငြိမ်မနေနိုင်တဲ့ သူတစ်ယောက်ကတော့ မြက်ရိတ်စက်ကို ဆီထည့်၊ အင်ဂျင်ဝိုင် စစ်ရင်းနဲ့ ညီညာတိကျတဲ့ မြက်ခင်းပြင်ကို ရရှိဖို့ကြံစီတော့တယ်။ သုံးနှစ်နီးပါးသက်တမ်းရှိတဲ့ မြက်ရိတ်စက်ကလေးကလည်း တစ်ခါတစ်ရံမှာ ညစ်ကပ်စွာနဲ့ စက်နှိုးလိုက်ရင် မရချင်ဘူး..။
တစ်ချက်၊ နှစ်ချက်၊ သုံးလေးငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်..၊ ဒီလိုသာ အချက်ပေါင်းများစွာ ဆွဲပြီး ခဏတိုင်းသာနှိုးရရင်တော့ လက်မောင်းလည်း ကြွက်သားဗလပွ နဲ့ မယ်ဗလ ပြိုင်ပွဲ ဝင်လို့ရလောက်ပြီ..။ နောက်ဆုံးတော့ မနိုးမချင်း ဆွဲပြီးနှိုးနေမယ်ဆိုတာ သိတာကြောင့်လားမသိ၊ မနိုးချင်နိုးချင်နဲ့ နိုးလာရဲ့..။